ဟားမက်အဖွဲ့ကို အရှိန်မြင့်တိုက်ခိုက်နိုင်ဖို့ အစ္စရေးနိုင်ငံကို အမေရိကန်အစိုးရက လက်နက်ခဲယမ်းမီးကျောက်များ ပေးပို့ကူညီ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၁
အစ္စရေးစစ်တပ်က အမေရိကန်အစိုးရက ပေးပို့လိုက်တဲ့ကျည်ဆံတွေ တင်ဆောင်လာတဲ့ ပထမဆုံးလေယာဉ်ဟာ အစ္စရေးနိုင်ငံကို ရောက်ရှိလာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်စစ်ဘက်က ၎င်းတို့အနေနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက် နဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ အစ္စရေး ကို စစ်လက်နက်ပစ္စည်းများကူညီပေးမယ်လို့ သတင်းထုတ်ပြန်ထားရာ အောက်တိုဘာ ၁၁ ရက်မှာ ကျည်ဆံတွေ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်စစ်ဘက်ဟာ အစ္စရေးကို လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ကျည်ဆံတွေ နဲ့ အခြားလုံခြုံရေးပစ္စည်းတွေ ပေးပို့ကူညီသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်ဟာ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ကြိုတင်သတိပေးချက် မရှိဘဲ တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ကြား စစ်ပွဲစတင်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်ပွဲဖြစ်ပွားနေကြောင်း သိရပါတယ်။ အမေရိကန်ဟာ ရုရှားနဲ့စစ်ပွဲဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံကို နှစ်နဲ့ချီ စစ်လက်နက်ပစ္စည်းများ ကူညီပေးနေသလို အာရှဒေသအတွင်း မဟာမိတ်နိုင်ငံဖြစ်တဲ့အစ္စရေးကိုလည်း စစ်လက်နက်ပစ္စည်းများ ကူညီပေးမှာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူများဟာ အစ္စရေးနိုင်ငံကို ဒီသီတင်းပတ်အတွင်း သွားရောက်မှာဖြစ်ပြီး ဟားမက်စ်အဖွဲ့ ပြန်ပေးဆွဲခံထားရသူတွေ ပြန်လွှတ်ပေးဖို့ ဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။
ဟားမက်စ် နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် အမေရိကန်နိုင်ငံသားတွေ သေဆုံးမှုတွေရှိနေကြောင်း သိရပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ဂါဇာဒေသက စစ်သားများ ဘေးကင်းလုံခြုံရေးအတွက် အစ္စရေး၊ အီဂျစ်တို့ နဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့ ဂျိတ်ဆူလီဗန် က ပြောပါတယ်။
အစ္စရေးဟာ ဟားမက်အဖွဲ့ရဲ့တိုက်ခိုက်ခံရမှုတွေအပေါ်လက်တုံ့ပြန်မှုအဖြစ် အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာ ဂါဇာနယ်စပ်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက အစ္စရေးရဲ့လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၉ဝဝ သေဆုံးထားပြီး ၅ဝဝဝ နီးပါး ဒဏ်ရာရထားကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်စပါးတင်း ၁၀၀ လျှင် ငွေကျပ်(၇)သိန်းခွဲ ရည်ညွှန်းဈေးသတ်မှတ်ချက်သည် ဈေးကွက်ပေါက်ဈေးနှင့် ကွာခြားနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ