တရုတ်နိုင်ငံတောင်ပိုင်း Hainan ကျွန်းသို့ တိုင်ဖွန်းမုန်တိုင်း Koinu ဦးတည်ဝင်ရောက်နိုင်ဖွယ်ရှိနေဟု မိုးလေဝသလေ့လာစောင့်ကြည့်ရေးအဖွဲ့ပြော
Pika (NSS) - အောက်တိုဘာ ၉
ဟောင်ကောင်သို့ တိုင်ဖွန်းမုန်တိုင်း Koinu ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနှင့် ကျောင်းများကို ပိတ်ထားခဲ့ရကြောင်းသိရသည်။
ထို့နောက် တိုင်ဖွန်းမုန်တိုင်း Koinu သည် တရုတ်နိုင်ငံ၏ အပန်းဖြေကျွန်းတစ်ခုဖြစ်သော Hainan ကျွန်းသို့ ဦးတည်ဝင်ရောက်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။ ဟောင်ကောင်တွင် အမြင့်ဆုံးမုန်တိုင်းသတိပေးချက် "T10" ရှိသည့် တိုင်ဖွန်းမုန်တိုင်း Saola ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တစ်လအကြာတွင် တိုင်ဖွန်းမုန်တိုင်း Koinu ထပ်မံဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ် သည်။
တိုင်ဖွန်းမုန်တိုင်း Saola ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ဟောင်ကောင်သည် နှစ်ပေါင်း(၁၄၀)အတွင်း မိုးရွာသွန်းမှု အမြင့်ဆုံးစံချိန်ကို ကြုံတွေ့ခဲ့ရပြီး ဈေးဝယ်စင်တာများ၊ ရထားလမ်းများ ရေနစ်မြုပ်ခြင်းနှင့် မြေပြိုခြင်းတို့လည်းဖြစ်ပွားခဲ့ကြောင်းသိရသည်။
မိုးလေဝသ စောင့်ကြည့်လေ့လာရေးအဖွဲ့က "ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာ တိုင်ဖွန်းမုန်တိုင်း Koinu ဟာ အနောက်ဘက်တစ်လျှောက် တိုက်ခတ်နေခဲ့ပါတယ်။ ခုတော့ တိုင်ဖွန်းမုန်တိုင်း Koinu ဟာ ဟောင်ကောင်တောင်ဘက်ပင်လယ်ပြင်ကနေ ထွက်ခွါသွားပါပြီ"ဟု ပြောဆိုခဲ့သည်။
အောက်တိုဘာလ(၉)ရက်၊ နံနက်(၁၁)နာရီအထိ အဆိုပါတိုင်ဖွန်းမုန်တိုင်း Koinu ကို မုန်တိုင်းသတိပေးချက် "T8" အဆင့် သတ်မှတ်ထားသော်လည်း ပြည်သူများကို ဆက်လက်သတိထားနေထိုင်ကြရန် မိုးလေဝသ စောင့်ကြည့်လေ့လာရေးအဖွဲ့က ညွှန်ကြားထားကြောင်းသိရသည်။ ထို့ပြင် တိုင်ဖွန်းမုန် တိုင်း Koinu ကြောင့် လေပြင်းတိုက်ခိုက်ခြင်းမျိုး ဆက်လက်ရှိနေနိုင်ဖွယ်ရှိကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာရေးအဖွဲ့က သတိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးမြို့၌ရေကြီးရေလျှံနေမှုကြောင့် ရန်ကုန်-မော်လမြိုင် နှင့် မန္တလေး ရထားခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်းထား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ