အာရှတိုက်အလယ်ပိုင်းဒေသသို့ သဘာဝဓါတ်ငွေ့ပေးပို့မှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း ရုရှားအစိုးရထုတ်ပြန်ကြေညာ
Pika (NSS) - အောက်တိုဘာ ၈
ရုရှားနိုင်ငံသည် ကာဇက်စတန်နိုင်ငံမှတစ်ဆင့် ဥဇဘက်ကစ္စတန်နိုင်ငံသို့ သဘာဝဓါတ်ငွေ့ပေးပို့မှုများကို အောက်တိုဘာလ(၇)ရက်တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သဘာဝဓါတ်ငွေ့ ပေးပို့မှု တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို ရုရှားသမ္မတပူတင်၊ ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev နှင့် ဥဇဘက်ကစ္စတန်သမ္မတ Shavkat Mirzoyev တို့ တက်ရောက်ခဲ့ကြောင်း လည်း သိရသည်။
အဆိုပါစီမံကိန်းသည် နှစ်ဖက်လုံးအတွက် အကျိုးရှိပြီး ဒေသအတွင်း စွမ်းအင်လုံခြုံရေးကို ပိုမိုအားကောင်းလာစေ ရန် ရည်ရွယ်ထားခြင်းမျိုးဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ သဘာဝဓါတ်ငွေ့ပေးပို့မှု အများစုမှာ ဥဇဘက်ကစ္စတန်နိုင်ငံသို့ ဦးတည်ထားသော်လည်း ပေးပို့မှုများထဲမှ အချို့မှာ ကာဇက်စတန်နိုင်ငံ အရှေ့ပိုင်း နှင့် မြောက်ပိုင်းဒေသများသို့ လမ်းကြောင်းပြောင်းသွားမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ပူတင် က "ဒီစီမံကိန်းကို အကောင်အထည်ဖော်တာဟာ သုံးနိုင်ငံစလုံးအတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူး တွေ ရရှိပါလိမ့်မယ်။ ဥဇဘက်ကစ္စတန်ဟာ အိမ်ထောင်စုတွေနဲ့ အရေးပါတဲ့အဆောက်အဦးတွေကို အပူနဲ့ လျှပ်စစ် စွမ်းအင် အဆက်မပြတ်ထောက်ပံ့ပေးနိုင်မယ့် နောက်ထပ် စွမ်းအင်အရင်းအမြစ်ကို ရရှိပါလိမ့်မယ်။ ကာဇက် စတန်နိုင်ငံဟာလည်း သူတို့ရဲ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေရဲ့ဓါတ်ငွေ့လိုအပ်ချက်ပြဿနာကို ဖြေရှင်းနိုင်ပါ လိမ့်မယ်။ ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom ဟာ သင့်လျော်တဲ့လမ်းကြောင်းတွေကနေတစ်ဆင့် ဓါတ်ငွေ့ ထောက်ပံ့ပေးနိုင်ဖို့ လုပ်ဆောင်နေပါပြီ" ဟု ပြောခဲ့သည်။
အဆိုပါစီမံကိန်းသည် ရုရှားနိုင်ငံက ယုံကြည်စိတ်ချရသော သဘာဝဓါတ်ငွေ့ ပေးပို့သည့်နိုင်ငံဖြစ်သည်ဆိုသည့်အချက်ကိုလည်း အတည်ပြုပေးသွားနိုင်လိမ့်မည်ဖြစ်ကြောင်း ပူတင်က ထပ်မံပြောခဲ့သည်။
ပူတင်က "ကျွန်တော်တို့ဟာ နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လမ်းဖွင့်ထားပြီး သဘာဝဓါတ်ငွေ့ကိုတင်သွင်းဖို့စိတ်ဝင်စားတဲ့ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့က မိတ်ဆွေတွေနဲ့ အခြားနိုင်ငံတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းသွားမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မတ္တရာမြို့နယ်၌ အမျိုးသား(၂)ဦး လက်ပြန်ကြိုးတုပ်၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခံခဲ့ရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း