မတ္တရာမြို့နယ်၌ အမျိုးသား(၂)ဦး လက်ပြန်ကြိုးတုပ်၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခံခဲ့ရ
NSS - အောက်တိုဘာ ၈
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အမျိုးသား(၂)ဦး လက်ပြန်ကြိုးတုတ်၍ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော (အောက်တိုဘာလ ၅ ရက်)၊ နံနက် ၁၀နာရီအချိန်တွင် မတ္တရာမြို့နယ်၊ ပြည်သာယာကျေးရွာအဝင်လမ်းအနောက်ဘက်၌ အဆိုပါအမျိုး သား(၂)ဦး၏ အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့သတင်းအရ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသား(၂)ဦးအား လက်နောက်ပြန်ကြိုးတုပ်လျက်ဖြင့် ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် အသက်(၄၃)နှစ်အရွယ်အမျိုးသားတွင် လည်ပင်း ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာပါး၊ ယာရင်အုံ၊ ယာဒူးထိုးသွင်းဒဏ်ရာ(၃)ချက်နှင့် အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဦးခေါင်း ကြေမွဒဏ်ရာတစ်ချက်၊ ယာနားအောက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့နောက် သေဆုံးသူအမျိုးသား(၂)ဦးအလောင်းအား စစ်ဆေးနိုင်ရန် မတ္တာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ရွေးချယ်မှုနှင့်ပတ်သက်ပြီး အီရန်အစိုးရ ပြစ်တင်ရှုတ်ချ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း