ကာလအတန်ကြာပိတ်ထားသည့် ထိုင်း-မြန်မာအမှတ် - (၁) ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်လှစ်ရန် စီစဉ်နေ
ရောင်နီ (NP News) - ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံ မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် ထိုင်း-မြန်မာအမှတ်(၁) ချစ်ကြည် ရေးတံတားကို ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။
ထိုင်းနိုင်ငံ တက်ခရိုင်အုပ်ချုပ်ရေးမှူးသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီး မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား ဖွင့်လှစ်ရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။ မြဝတီမြို့ အစိုးရ တာဝန်ရှိသူများသည် တံတားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် သန့်ရှင်းရေးလုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။အဆိုပါ ချစ်ကြည်ရေးတံတားသည် ထိုင်းနှင့်မြန်မာပြည်သူများကြား ကိုကုန်စည်များ တင်သွင်းမှု၊ တင်ပို့မှုများအတွက် အဓိက အရေးပါသည့်လမ်းကြောင်းဖြစ်ကြောင်း သိရသည်။ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြဿနာကြောင့် ထိုင်းနှင့် မြန်မာနိုင်ငံကြား ဆက်သွယ်ထားသည့်အမှတ်(၁) ချစ်ကြည်ရေးတံတားကို ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရပြီး ၂ဝ၂၂ ခုနှစ် မေလတွင် တံတားပြန်လည် ဖွင့်လှစ်ရန် အတွက် နှစ်နိုင်ငံစလုံး၏ ဝန်ထမ်းများသည် တံတားတွင် သန့်ရှင်ရေးလုပ်ခဲ့ဖူးကြောင်း သိရသည်။ သို့သော်လည်း ထိုင်းနှင့် မြန်မာနိုင်ငံတို့အတွက် ကုန်စည်တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သည့် အာရှအမြန်လမ်းမကြီးတစ်လျှောက်ရှိ ကရင်ပြည်နယ်တွင် တင်းမာမှုမြင့်တက်ခြင်းအပြင် မြဝတီမြို့တို့တွင် ပေါက်ကွဲများဖြစ်ပွားခဲ့ကြောင်း၊ တံတားဖွင့်လှစ်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်းသိရသည်။ ထိုင်းနှင့် မြန်မာနိုင်ငံကြားနယ်စပ်ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်စေရန်၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းပိုမိုကောင်းမွန်စေရန်အတွက် ထိုင်းနှင့် မြန်မာနိုင်ငံကြား ချိတ်ဆက်ထားသည့်အမှတ်(၁) ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ရန် တက်ခရိုင်အုပ်ချုပ်ရေးမှူးက အဆိုပြုကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ကာလအတန်ကြာပိတ်ထားသည့် ထိုင်း-မြန်မာအမှတ် - (၁) ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်လှစ်ရန် စီစဉ်ေ
နရောင်နီ (NP News) - ဒီဇင်ဘာ ၁၆ြ
မန်မာနိုင်ငံ မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် ထိုင်း-မြန်မာအမှတ်(၁) ချစ်ကြည် ရေးတံတားကို ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။