စစ်ကိုင်းတိုင်းအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နှင့် စက်မှုဇုန်များ၌ ရင်းနှီးမြှုပ်နှံရန် ဦးစားပေး ဖိတ်ခေါ်နေ
ဖူးပြည့် (NP News) - ဒီဇင်ဘာ ၂ဝ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နှင့် စက်မှုဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဦးစားပေးဖိတ်ခေါ်နေကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောသည်။
ဝန်ကြီးချုပ်က ယနေ့ (ဒီဇင်ဘာလ ၂ဝ ရက်)က ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၁/၂ဝ၂၂) တွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းများအား တည်ဆောက်ကာလများ သက်တမ်းတိုးခွင့်ပြုပေးခဲ့ပြီး မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်) ငွေကျပ်သန်း ၆ဝဝဝ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်းသိရသည်။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စား နှင့် အလတ်စား စက်မှုလုပ်ငန်းများသည် များစွာအထောက်အကူပြုသည့်အတွက် MSME လုပ်ငန်းများ ဖွံဖြိုးရေးကိုလည်း အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။ “ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေဖို့နဲ့ အ သေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကိုပါ ဖွံဖြိုးတိုးတက်စေရေး နည်းလမ်းပေါင်းစုံအသုံးပြုပြီး အောင်မြင်အောင် ဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေခြင်း၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကို တမူး-မန္တလေး-မူဆယ်လမ်းကြောင်းဖြင့် ကုန်သွယ်မှု ဆက်သွယ်ပေးထားသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးသည် သယ်ယူပို့ဆောင်ရေး ကောင်းမွန်ခြင်း၊ စိုက် ပျိုးရန်အတွက် မြေနေရာများ ကျယ်ဝန်းခြင်း၊ လုပ်သားအလွယ်တကူရရှိခြင်းကြောင့် သီးနှံမျိုးစုံဖြစ်ထွန်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကာ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ အလားတူ ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကပြဿနာသည် မြေယာဖြစ်သည့် အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စာရင်းများကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်းသိရသည်။
zawgyi version
စစ္ကိုင္းတိုင္းအတြင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ား ႏွင့္ စက္မႈဇုန္မ်ား၌ ရင္းႏွီးျမႇဳပ္ႏွံရန္ ဦးစားေပး ဖိတ္ေခၚေန
ဖူးျပည့္ (NP News) - ဒီဇင္ဘာ ၂ဝ
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ား ႏွင့္ စက္မႈဇုန္မ်ားတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ဦးစားေပးဖိတ္ေခၚေနေၾကာင္း တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမတ္ေက်ာ္က ေျပာသည္။
ဝန္ႀကီးခ်ဳပ္က ယေန႔ (ဒီဇင္ဘာလ ၂ဝ ရက္)က က်င္းပသည့္ စစ္ကိုင္းတိုင္းေဒသႀကီး ရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီ အစည္းအေဝးအမွတ္စဥ္ (၁၁/၂ဝ၂၂) တြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
တိုင္းေဒသႀကီးရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီေနျဖင့္ လုပ္ထုံးလုပ္နည္းႏွင့္အညီ လုပ္ငန္းမ်ားအား တည္ေဆာက္ကာလမ်ား သက္တမ္းတိုးခြင့္ျပဳေပးခဲ့ၿပီး မတည္ေငြရင္း ပမာဏ အေမရိကန္ေဒၚလာ ၅ သန္း (သို႔မဟုတ္) ေငြက်ပ္သန္း ၆ဝဝဝ အထိ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကို ခြင့္ျပဳေပးလ်က္ရွိေၾကာင္းသိရသည္။ႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ျပည္သူမ်ား၏ လူမႈစီးပြားဘဝတိုးတက္ေစရန္အတြက္ အေသးစား၊ အငယ္စား ႏွင့္ အလတ္စား စက္မႈလုပ္ငန္းမ်ားသည္ မ်ားစြာအေထာက္အကူျပဳသည့္အတြက္ MSME လုပ္ငန္းမ်ား ဖြံၿဖိဳးေရးကိုလည္း အေလးထား ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ကေျပာသည္။ “ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီအဖြဲ႕ဝင္ေတြအေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္လာေစဖို႔နဲ႔ အ ေသးစား၊ အငယ္စား၊ အလတ္စား စီးပြားေရးလုပ္ငန္းေတြကိုပါ ဖြံၿဖိဳးတိုးတက္ေစေရး နည္းလမ္းေပါင္းစုံအသုံးျပဳၿပီး ေအာင္ျမင္ေအာင္ ေဆာင္႐ြက္သြားၾကဖို႔လိုအပ္ပါတယ္”ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။ စစ္ကိုင္းတိုင္းေဒသႀကီးသည္ အိႏၵိယႏိုင္ငံႏွင့္ နယ္နိမိတ္ျခင္း ထိစပ္ေနျခင္း၊ အိႏၵိယႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔ကို တမူး-မႏၲေလး-မူဆယ္လမ္းေၾကာင္းျဖင့္ ကုန္သြယ္မႈ ဆက္သြယ္ေပးထားသည့္ တိုင္းေဒသႀကီးတစ္ခုျဖစ္သည္။ ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီးသည္ သယ္ယူပို႔ေဆာင္ေရး ေကာင္းမြန္ျခင္း၊ စိုက္ ပ်ိဳးရန္အတြက္ ေျမေနရာမ်ား က်ယ္ဝန္းျခင္း၊ လုပ္သားအလြယ္တကူရရွိျခင္းေၾကာင့္ သီးႏွံမ်ိဳးစုံျဖစ္ထြန္းသည့္ တိုင္းေဒသႀကီးတစ္ခုျဖစ္ကာ အဓိကစီးပြားေရးသည္ စိုက္ပ်ိဳးေရးလုပ္ငန္းျဖစ္သည္။
အလားတူ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ အဓိကျပႆနာသည္ ေျမယာျဖစ္သည့္ အတြက္ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္း စာရင္းမ်ားကိုလည္း ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ထားေၾကာင္းသိရသည္။