၉၂ ဓာတ်ဆီဈေး ကျဆင်းလာသော်လည်း ဆိုင်အချို့၌ ဝယ်ယူ၍မရဖြစ်နေ
ပုံစာ - ပြည်တွင်း၌ ရောင်းချလျက်ရှိသည့် စက်သုံးဆီဆိုင်တစ်ဆိုင်အားတွေ့ရစဉ်
NSS - အောက်တိုဘာ ၈
လွန်ခဲ့သည့် နှစ်ရက်ခန့်မှစတင်ကာ ၉၂ ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၂၀၀၀ အောက်ကျဆင်းလာသော်လည်း လက်ရှိတွင် စက်သုံးဆီဆိုင်အချို့၌ အလွယ်တကူဝယ်ယူ၍မရကြောင်း ရန်ကုန်မြို့ခံ အငှားယဉ်မောင်းများထံမှ သိရသည်။
"၉၂ ကဈေးမကျခင်ကတည်းက ညနေပိုင်းဆို လိုသလောက်ဝယ်လို့မရဘူး။ အခုဆို နေလည်ပိုင်းမှာတင် ကုန်သွားပြီ မနက်မှလာဝယ်လို့ ဆိုင်တချို့ကပြောတယ်။ တချို့ဆိုင်တွေဆို ၉၅ ပါဝယ်လို့မရဘူး"ဟု တောင်ဒဂုံမြို့ခံ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်အထိ ၉၂ တစ်လီတာလျှင် ၂၀၄၅ ကျပ်ရှိခဲ့ရာမှ ယနေ့ (အောက်တိုဘာလ ၇ ရက်)တွင် ၉၂ တစ်လီတာလျှင် ၁၉၄၅ ကျပ်အထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
အချို့သော ဆီဆိုင်များတွင် ဆီများရောင်းချပေးနေသော်လည်း ကားတန်းစီထားသည့်အရေအတွက်ပေါ်မူတည်ကာ ခွဲတမ်းဖြင့်ရောင်းချနေကြောင်းသိရသည်။
ရန်ကုန်မြို့တွင် ၉၂ ဓာတ်ဆီဝယ်ယူ၍မရသော ဆိုင်အများစုသည် ဆင်ခြေ ဖုံးမြို့နယ်များတွင် ဖွင့်လှစ်ထားသောဆိုင်များဖြစ်ကြောင်းသိရသည်။
အလားတူ မန္တလေးမြို့၌လည်း ဆီးဈေးနှုန်းများ ကျဆင်းလာပါက ဆီဆိုင်အချို့သည် ဆီမရှိတော့သည့် အကြောင်းပြချက်များဖြင့် ရောင်းချမှုရပ်ဆိုင်းထားကြောင်း ချမ်းအေးသာဇံမြို့နယ်ရှိ ဒေသခံတစ်ဦးကလည်း ပြောသည်။
ယနေ့ (အောက်တိုဘာလ ၈ ရက်)တွင် ရန်ကုန်ဈေးကွက်၌ ၉၂ တစ်လီတာလျှင် ၁၉၄၅ ကျပ် ၊ ၉၅ တစ်လီတာလျှင်၂၀၄၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၂၆၅ ကျပ် ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံကို ပစ်ခတ်တိုက်ခိုက်နေတဲ့ ဟားမက်စ်အဖွဲ့အပြင် လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟစ်ဘိုလာအဖွဲ့တွေကိုလည်း လက်တုံ့ပြန်တိုက်ခိုက်နေကြောင်း အစ္စရေးစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ