Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးနိုင်ငံကို ပစ်ခတ်တိုက်ခိုက်နေတဲ့ ဟားမက်စ်အဖွဲ့အပြင် လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟစ်ဘိုလာအဖွဲ့တွေကိုလည်း လက်တုံ့ပြန်တိုက်ခိုက်နေကြောင်း အစ္စရေးစစ်ဘက်ပြော

ဂျန်ဇက် (NSS) - အောက်တိုဘာ ၈

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမက်စ်အဖွဲ့အပြင် လက်ဘနွန် ပိုင်နက်ထဲကိုလည်း အမြှောက်များနဲ့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ဘနွန်နိုင်ငံ ပိုင်နက်အတွင်းကနေ အစ္စရေးနိုင်ငံဘက်ခြမ်းကို မော်တာများနဲ့ ပစ်ခတ်တိုက်ခိုက်လာခဲ့ပြီးနောက် အစ္စရေးစစ်ဘက်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အစ္စရေးတပ်ဖွဲ့တွေဟာ Mount Dov  ဒေသကို အမြှောက်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ဘနွန်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဟစ်ဘိုလာအုပ်စုတွေကို စစ်ပွဲထဲ တိုက်ရိုက်ပါဝင်လာခြင်းမျိုးမလုပ်ဖို့ အစ္စရေးစစ်ဘက်က သတိပေးထားပါတယ်။

ဟစ်ဘိုလာစစ်သွေးကြွအုပ်စုဟာ အီရန်နိုင်ငံရဲ့အထောက်အပံ့တွေကို လက်ခံရရှိနေပြီး ၂ဝဝ၆ ခုနှစ်က အစ္စရေး နဲ့ လအတန်ကြာ စစ်ပွဲဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း လက်ဘနွန်နိုင်ငံပိုင်နက်အတွင်းကနေ တင့်ကားဖျက်ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို အမြှောက်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။


အစ္စရေးကာကွယ်ရေးဝန်ကြီးက "အစ္စရေးပိုင်နက်အတွင်းကို လက်ဘနွန်ပိုင်အတွင်းကနေ မော်တာတွေနဲ့တိုက်ခိုက်ခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာပဲ ကျွန်တော်တို့ကလည်း လက်ဘနွန်ပိုင်နက်ထဲကိုအမြှောက်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်" လို့ ပြောပါတယ်။ 

ဟစ်ဘိုလာ စစ်သွေးကြွအုပ်စုတွေဟာ ဂိုလန်ကုန်းမြင့်ဒေသရှိ အစ္စရေးပိုင်နက် နေရာသုံးခုကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ရော့ကဒ်ဒုံးကျည်ပေါင်း ဒါဇင်ချီနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဟစ်ဘိုလာစစ်သွေးကြွအုပ်စုကလည်း ၎င်းတို့ဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ စုစည်းညီညွှတ်ကြောင်းပြသဖို့အတွက် အစ္စရေးသိမ်းပိုက်ထားတဲ့ Shebaa ဒေသကို ရော့ကဒ်၊ အမြှောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံပြောဆိုထားပါတယ်။

ဟစ်ဘိုလာစစ်သွေးကြွအုပ်စုက အစ္စရေးတို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ Shebaa အ ရပ်ဒေသရှိ ရေဒါစခန်းနေရာတွေ အပါအဝင် နေရာသုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ပြောပါတယ်။

အဆိုပါအရပ်ဒေသဟာ ယခင်က လက်ဘနွန်ပိုင်နက်ဖြစ်ခဲ့ပေမယ့် အစ္စရေးတို့ တိုက်ခိုက်သိမ်းပိုက်ခံထားရတဲ့ နယ်မြေဖြစ်နေကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေး၌ ဆိုင်ကယ်ပျက်နေသည့် အမျိုးသမီး(၂)ဦးကို တပ်ကြပ်ကြီးတစ်ဦးက ကူညီပေးနေစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ

RECENT POSTS
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved