မန္တလေး၌ ဆိုင်ကယ်ပျက်နေသည့် အမျိုးသမီး(၂)ဦးကို တပ်ကြပ်ကြီးတစ်ဦးက ကူညီပေးနေစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
မြူနစ် (NSS) - အောက်တိုဘာ ၈
မန္တလေး၌ ဆိုင်ကယ်ပျက်နေသည့် အမျိုးသမီး(၂)ဦးကို တပ်ကြပ်ကြီးတစ်ဦးက ကူညီပေးနေစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၇ ရက်)၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အောင်မြေသာစံရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး(၂)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာစဉ်အချိန် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့အရောက်၌ ဆိုင်ကယ်ချိန်းကြိုးကျသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဆိုင်ကယ်ချိန်ကြိုးကျသွားခဲ့ခြင်းအပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လုံခြုံရေးတာဝန်ထမ်းနေသည့် အသက်(၅၃)နှစ်အရွယ်ရှိ တပ်ကြပ်ကြီးမိုးဇော်အောင်က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ ကူညီဆောင်ရွက်ပေးနေစဉ်အချိန်တွင် ဆိုင်ကယ်အနက်ရောင်တစ်စီးဖြင့် လူငယ်(၂)ဦး ရောက်ရှိလာကာ သေနတ်အတိုဖြင့် တပ်ကြပ်ကြီးမိုးဇော်အောင်ကို ပစ်ခတ်လုပ်ကြံသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် တပ်ကြပ်ကြီးမိုးဇော်အောင်၏ ဦးခေါင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း မန္တလေးတိုင်းအတွင်း၌ ပစ်ခတ်လုပ်ကြံမှု၊ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအပါ အဝင် အကြမ်းဖက်သတ်ဖြတ်မှုများဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၃၆)နှစ်သက်တမ်းရှိ ဂျောင်ဝိုင်းလွန်းကျင်းကို ပြန်လည် လည်ပတ်ရန် စီစဉ်နေ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း