(၃၆)နှစ်သက်တမ်းရှိ ဂျောင်ဝိုင်းလွန်းကျင်းကို ပြန်လည် လည်ပတ်ရန် စီစဉ်နေ
စော (NSS) - အောက်တိုဘာ ၈
(၃၆)နှစ်သက်တမ်းရှိ ဂျောင်ဝိုင်းလွန်းကျင်းကို ပြန်လည် လည်ပတ်ရန် နစက စီစဉ်နေကြောင်း သတင်းရရှိသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(အောက်တိုဘာ လ ၇ရက်)တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်းကို သွားရောက်ခဲ့ကြောင်း နစကထုတ်ပြန်ချက်အရ သိရသည်။
ထို့သို့ သွားရောက်စဉ် နစကဥက္ကဋ္ဌက ဂျောင်ဝိုင်းလွန်းကျင်းသည် လုပ်ငန်းဆောင်ရွက်မှုမရှိသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး လွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ရန်နှင့် စက်ကိရိယာများကို ထပ်မံဖြည်သွင်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေယာဉ်တည်ဆောက်ရေးနှင့် ပြင်ဆင်ရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း နှင့် ဝန် ထမ်းများ၏ နေအိမ်လိုင်းခန်းများအပါအဝင် အခြားအဆောက်အဦးများကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ၎င်းကထပ်မံတိုက်တွန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဂျောင်ဝိုင်းရေလုံလွန်းကျင်း၏ သက်တမ်းသည် (၃၆)နှစ် ကြာမြင့်နေပြီဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများ မရှိခဲ့သဖြင့် လုပ်ငန်းရပ်နားချိန်ကြာမြင့်ပါက ပျက်စီးဆုံးရှုံးမှု များပြားလာနိုင်သည့်အတွက် လုပ်ငန်းပြန် လည်ပတ်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
ဂျောင်ဝိုင်းလွန်းကျင်းကို ၁၉၈၁-၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရေလုံလွန်းကျင်းအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ရေယာဉ်အစီးရေ ၄၉ စီးကို လွန်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့၌ ဆွမ်းခံကြွနေသည့် ဦးဇင်း(၁)ပါးအား ဆိုင်ကယ်တစ်စီးမှ ဝင်တိုက်မိခဲ့ရာ ပျံလွန်တော်မူ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း