ရုရှားသံတမန်နှစ်ဦးကို နှင်ထုတ်လိုက်ခြင်းက အမေရိကန်၏ထိပ်တိုက်ရင်ဆိုင်မှု နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ကြောင်း ရုရှားသံအမတ်ကြီးဝေဖန်
Pika (NSS) - အောက်တိုဘာ ၇
အမေရိကန်နိုင်ငံက ရုရှားသံတမန်နှစ်ဦးကို နှင်ထုတ်လိုက်ခြင်းသည် အမေရိကန်၏ နောက်ထပ် ထိပ်တိုက်ရင်ဆိုင်မှုခြေလှမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်နာတိုလေးအန်တိုနော့ဗ်က ဝေဖန်ပြောဆိုခဲ့သည်။
အမေရိကန်သည် ရုရှားသံတမန်နှစ်ဦးကို နှင်ထုတ်ရန် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ရုရှားသံရုံးကို ရှင်းလင်းချက်ပေးခြင်းမျိုးမရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ အမေရိကန်အစိုးရသည် အောက်တိုဘာလ(၆)ရက်က ရုရှားသံတမန်နှစ်ဦးကို နှင်ထုတ်လိုက်ပြီးနောက် အန်နာတိုလေးအန်တိုနော့ဗ်က ယခုကဲ့သို့တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လတွင် ရုရှားအစိုးရက အမေရိကန်သံတမန်နှစ်ဦးအား နှင်ထုတ်ခဲ့ခြင်းကို လက် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ဘက်မှ ယခုကဲ့သို့ ပြန်လည်နှင်ထုတ်ခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း အန်နာတိုလေးအန်တိုနော့ဗ်က ဝေဖန်ပြောဆိုခဲ့သည်။ ရုရှားသံတမန်နှစ်ဦး နှင်ထုတ်ခံရခြင်းနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရဘက်က တရားဝင်ရှင်းပြချက်မျိုးလည်းမရရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
၎င်းက "ကျွန်တော်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ရုရှားသံတမန်နှစ်ဦးကို ဘယ်လိုစွပ်စွဲချက်တွေနဲ့ နှင်ထုတ်ခဲ့တာလဲဆိုတာ ရှင်းပြပေးဖို့ တောင်းဆိုခဲ့ပေမယ့် တုံ့ပြန်မှုတစ်ခုမှ မရရှိခဲ့ပါဘူး။"ဟု ပြောဆိုခဲ့သည်။
အဆိုပါလုပ်ရပ်သည် ပြီးခဲ့သည့်လက အမေရိကန်သံတမန်နှစ်ဦးကို ရုရှားအစိုးရက နှင်ထုတ်လိုက်ခြင်းအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ရုရှားနိုင်ငံရှိ အမေရိကန်သံတမန်များကို ဆန့်ကျင်နေသည့်လုပ်ရပ်များသည် လက်မခံနိုင်သောလုပ်ရပ်များဖြစ်ပြီး အကျိုးဆက်များရှိလာနိုင်ကြောင်း အမေရိကန်အစိုးရက သတိပေးပြောဆိုခဲ့သည်။ အမေရိကန်သံတမန်နှစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ(၁၄)ရက်က ရုရှားနိုင်ငံတွင်းမှ နှင်ထုတ်ခံခဲ့ရခြင်းဖြစ် ကြောင်းသိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက "အမေရိကန်သံတမန်နှစ်ဦးဟာ သူလျှိုလုပ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံး ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သလို ရုရှားနိုင်ငံသားလည်းဖြစ်တဲ့ Robert Shonov နဲ့ တရားမဝင်ဆက်သွယ်မှုတွေရှိခဲ့ပါတယ်။ ဒီအချက်ကြောင့် အမေရိကန်သံတမန်နှစ်ဦးကို နှင်ထုတ်ခဲ့တာပါ"ဟု ထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုးလ်မြို့၌ ကျင်းပမည့် Korea Import Fair ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ