မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွင် ရွှေ့ပြောင်းနေထိုင်သူများတင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၁၈)ဦးသေဆုံး
Pika (NSS) - အောက်တိုဘာ ၇
မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာလ(၆)ရက်က ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၁၈)ဦးသေဆုံးကာ အခြားလူ(၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါမတော်တဆမှုအတွင်း သေဆုံးခဲ့သော အရွယ်မရောက်သေးသူ(၃)ဦးမှာ ဗင်နီဇွဲလားနှင့် ဟေတီနိုင်ငံတို့မှဖြစ်ကြောင်း Oaxaca ပြည်နယ် အစိုးရရှေ့နေရုံး၏ထုတ်ပြန်ချက်အရ သိရသည်။ မတော်တဆမှုသည် အောက်တိုဘာလ(၆)ရက်၊ နံနက်ပိုင်းက Oaxaca ပြည်နယ်နှင့် Puebla ပြည်နယ်တို့ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Oaxaca ပြည်နယ် အစိုးရရှေ့နေရုံးက ပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Oaxaca ပြည်နယ်အာဏာပိုင်များက ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဓါတ်ပုံများတွင် အဝေးပြေးလမ်းမကြီးပေါ်တွင် တိမ်းမှောက်နေသော ဘတ်စ်ကားနှင့် အပျက်အစီးများကို တွေ့မြင်ခဲ့ရသည်။ နိုင်ငံအများအပြားမှ ထောင်နှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူများသည် အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ရောက်ရှိရန်အတွက် ဘတ်စ်ကားများ၊ ကုန်တင်ရထားများဖြင့် မက္ကဆီကိုနိုင်ငံကို ဖြတ်ကာသွားလာနေကြကြောင်းလည်းသိရသည်။
ထို့ပြင် ရွှေ့ပြောင်းနေထိုင်သူများသည် ဆိုးရွားသောမတော်တဆမှုများ၊ ရာဇဝတ်ဂိုဏ်းများ၏ ပြန်ပေးဆွဲမှုများနှင့် အကျင့်ပျက်ခြစားနေသော အရာရှိများ၏ ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ကို ခံနေရကြောင်းလည်းသိရသည်။ ၂၀၁၄ ခုနှစ်မှစတင်ပြီး ရွှေ့ပြောင်းနေထိုင်သူ(၈၂၀၀)ကျော်သည် အမေရိကတိုက်တွင် သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးသွားခဲ့ပြီး ၎င်းတို့ထဲမှ အများစုသည် မက္ကဆီကိုနိုင်ငံကိုဖြတ်ကာ အမေရိကန်နိုင်ငံသို့ရောက်ရှိရန် ကြိုးပမ်းမှုအတွင်း ပျောက်ဆုံးခြင်း သို့မဟုတ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM ၏အဆိုအရ သိရသည်။
၂၀၂၂ ခုနှစ်တွင် အမေရိကန်-မက္ကဆီကိုနယ်စပ်သည် လူ(၆၈၆)ဦး သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးမှုဖြင့် ကမ္ဘာ့အသေအပျောက်အများဆုံး ရွှေ့ပြောင်းသွားလာရေး လမ်းကြောင်းတစ်ခုဖြစ်ခဲ့ကြောင်း IOM ကပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသံတမန်နှစ်ဦးကို နှင်ထုတ်လိုက်ခြင်းက အမေရိကန်၏ထိပ်တိုက်ရင်ဆိုင်မှု နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ကြောင်း ရုရှားသံအမတ်ကြီးဝေဖန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း