မြန်မာနိုင်ငံရှိနည်းပညာတက္ကသိုလ်(၃)ခုနှင့် ရုရှားတက္ကသိုလ်တို့အကြား နျူကလီးယားနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများရေးထိုး
Pearl (NSS) - အောက်တိုဘာ ၇
မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်သုံးခုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ National Research Nuclear University (Moscow Engineering Physics Institute - MEPhI) တက္ကသိုလ်တို့အကြား နျူကလီးယားနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို အောက်တိုဘာလ ၆ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဏုမြူစွမ်းအင်၊ နျူကလီးယားနည်းပညာဘာသာရပ်များအပါအဝင် သိပ္ပံနည်းပညာနှင့်အင်ဂျင်နီယာဘာသာရပ်များတွင် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်အကျိုးပြုစွမ်းအားစုများအဖြစ် အရည်အသွေးပြည့်မီသော နည်းပညာရှင်များကို မွေးထုတ်ရေးနှင့် ပြည်သူ့အကျိုးပြုသုတေသနများဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အဓိကရည်ရွယ်ကာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲ၌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် အစဉ်မိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ပြောကြားထားသည်။
ထို့ပြင် ၁၉၅၈ ခုနှစ်၌ ရုရှားနိုင်ငံ၏ ပံ့ပိုးမှုများဖြင့် စတင်တည်ဆောက်ခဲ့သော ရန်ကုန်နည်းပညာတက္ကသိုလ်၌ ယနေ့ကျင်းပသည့်အခမ်းအနားသည် နှစ်နိုင်ငံကြား ခိုင်မြဲသည့် ချစ် ကြည်ရင်းနှီးမှုနှင့် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုအတွက် ထူးခြားပြီး အရေးပါသည့် မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အလားတူ Ranking မြင့်မားသည့်အထင်ကရ MEPhI တက္ကသိုလ်နှင့် မိမိတို့တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရသည်ကို ဝမ်းမြောက်ဂုဏ်ယူပြီး နျူကလီးယားနည်းပညာကဏ္ဍ မြင့်မားရေးအတွက် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးကပြောသည်။
နျူကလီးယားနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) နှင့် ရုရှားနိုင်ငံ MEPhI တက္ကသိုလ်တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်ရာ ပြည်တွင်း/ပြည်ပသတင်းများ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း