KSD အမှတ်တံဆိပ် EV ကားမီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းကို ကုမ္ပဏီဘက်မှ ပြန်လည်ဖြေရှင်း
Pearl (NSS) – အောက်တိုဘာ ၆
KSD အမှတ်တံဆိပ် EV ကားမီးလောင်မှုနှင့် ပတ်သက်၍ မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းကို KSD Myanmar က ပြန်လည်ဖြေရှင်းထားသည်။
KSD အမှတ်တံဆိပ် EV ကား ထုတ်လုပ်ရောင်းချသော KSD Myanmar (KHAING KHAING SANGDA GROUP LIMITED) က ယနေ့ (အောက်တိုဘာ ၆ ရက်)၊ နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ ပြန်လည်ဖြေရှင်းထားခြင်းဖြစ်သည်။
KSDV1-NE1 ယာဉ်အား Company မှ ရောင်းချစဥ် Battery ကုန်ပါက အားသွင်းရန် နေရာသို့ သွားရောက်ရန် အတွက် (10-15 Kilometer) ခန့် မောင်းနှင်အသုံးပြုနိုင်မည့် ( 200 cc ) မီးစက်အင်ဂျင်အသေးတစ်လုံး တပ်ဆင် ပေးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
"ကားက အားသွင်းနေရင်းနဲ့ အပူလွန်ပြီး မီးလောင်တယ်။ တာဝန်ရှိသူတွေ သွားစစ်တဲ့အခါ Customer က သူ့ သဘောနဲ့ အင်ဂျင်ပိုင်းနဲ့ ဂီယာဘောက်တွေ၊ ဝါယာရိန်းစနစ်တွေ ပြောင်းလဲတပ်ဆင်ထားတာ တွေ့ရတယ်" ဟု KSD Myanmar ၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်အား Companyဘက်မှ တာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားသည့်ယာဥ်အား သွားရောက်စစ်ဆေးရာ Customer မှ မိမိသဘောဖြင့် (660 cc) အင်ဂျင် နှင့် ဂီယာဘောက် တပ်ဆင်ပြီး Battery Charging သွင်းသည့်စနစ် နှင့် ဝါယာရိန်းစနစ်အား ပြောင်းလဲတပ်ဆင်အသုံးပြုထားသည်ကို တွေ့ရှိရသည်ဟု KSD Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါယာဥ် မီးလောင်မှုဖြစ်စဥ်တွင် Company ၏ မူလထုတ်လုပ်မှုပုံစံ ချို့ယွင်းချက်တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင်မှုမှတဆင့် မီးလောင်မှုဖြစ်ပွားခြင်းသာဖြစ်ကြောင်း KSD Myanmar က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့၌ ကျပန်းအလုပ်လုပ်ကိုင်သည့် ဖခင်နှင့် သမီးဖြစ်သူ(၂)ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း