ဧရာဝတီတိုင်းအတွင်းမှ PDF အဖွဲ့ဝင် (၄)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဟု နစက ထုတ်ပြန်
Pearl (NSS) - အောက်တိုဘာ ၆
ဧရာဝတီတိုင်းအတွင်းမှ PDF အဖွဲ့ဝင် (၄)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (အောက်တိုဘာ ၅ ရက်)၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်ခြင်းမရှိသော ဧရာဝတီတိုင်း ၊ ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံခြင်းအခမ်းအနား နှင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ပြုလုပ်ရာ အောက်တိုဘာလ (၅)ရက်၊ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နစကမှ ဆိုသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၄ ရက်က မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသမီး ၁ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို သက်တမ်းမကုန်ဆုံးမှီ နှစ်လကြိုတင်ကာ သက်တမ်းတိုးမြှင့်နိုင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ