လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးနဲ့အတူ မိသားစုဝင်များ သေဆုံး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃
အမေရိကန်နိုင်ငံ မြောက်ဒါကိုတာပြည်နယ်ရဲ့အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါက်လာဆင် နဲ့ မိသားစုဝင်များဟာ အမေရိကန်နိုင်ငံ အနောက်ပိုင်း Utah ဒေသမှာ အောက်တိုဘာ ၁ ရက်က လေယာဉ်ပျက်ကျခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်လာဆင် အပြင် ဇနီးသည်နဲ့ သားသမီးနှစ်ဦးတို့လည်း သေဆုံးခဲ့ကြောင်း၊ လေယာဉ်ဟာ Canyonlands လေယာဉ်ကွင်းကနေ ပျံတက်ခဲ့ပြီးနောက် မကြာမီ ပျက်ကျသွားခဲ့တာဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူများက လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လူလေးဦးစလုံး သေဆုံးသွားခဲ့ကြောင်း အတည်ပြုထားပါတယ်။ အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်ရေးဘေးကင်းမှုဘုတ်အဖွဲ့ဟာ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကို အတိအကျမသိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါဘုတ်အဖွဲ့က "စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ လေယာဉ်မှတ်တမ်းတွေကို ထိန်းသိမ်းဖို့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတယ်။ လေယာဉ်နဲ့ပတ်သက်တဲ့ရေဒါအချက်လက်၊ ရာသီဥတုအခြေအနေ၊ လေကြောင်းဆက်သွယ်မှုကိစ္စတွေကိုလည်း ထည့်သွင်းစစ်ဆေးမှာပါ" လို့ ပြောပါတယ်။
အဆိုပါ လွှတ်တော်အမတ်မိသားစုဟာ အမေရိကန်နိုင်ငံအနောက်ပိုင်းရှိတောတောင်တွေကို လေ့လာဖို့ သွားရောက်ချိန်မှာ လေယာဉ်ပျက်ကျမှုနဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကြီးဟာ တင်းမာမှုတွေနဲ့ ပဋိပက္ခတွေ တဟုန်ထိုး တိုးလာနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း