မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် (၂ ဒသမ ၆)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား နှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ
Pearl (NP News) - ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် (၂ ဒသမ ၆) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား နှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပုံတပ်ကျေးရွာရှိ ဦးအားချာ၏ နွားမွေးမြူရေးခြံ၌ ရဲတပ်ဖွဲ့မှ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ခြံစောင့်လုပ်သား မအားချာ နှင့် မနာထီးတို့ (၂)ဦးအား (၁၂)ဗို့ ပြောင်းချော သေနတ် (၁)လက်၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ (၁ဝဝ) ဂရမ်နှင့်အတူ ဖမ်းဆီးရမိကြောင်းသိရသည်။
ထို့နောက်စစ်ဆေးဖော်ထုတ်ချက်များအရ ည (၇)နာရီအချိန်တွင် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုးကျေးရွာရှိ နွားခြံပိုင်ရှင် ဦးအားချာ၏ နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
ထိုသို့ ရှာဖွေမှုများပြုလုပ်ရာ အဆိုပါနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၆၅)သိန်း၊ ပွိုင့်(၂၂)သေနတ် (၄)လက်၊ M-16 သေနတ် (၁)လက်၊ (၁၂)ဗို့ ပြောင်းချောသေနတ် (၁)လက်၊ ကျည်အိမ် (၁၆)ခု၊ ကျည်မျိုးစုံ (၂၇)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအားလည်း ဆက် လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
zawgyi version
မိုင္းဆတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္ (၂ ဒသမ ၆) ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ႏွင့္ လက္နက္/ခဲယမ္းမ်ား ဖမ္းဆီးရမိ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၂
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္ (၂ ဒသမ ၆) ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူး သြပ္ေဆးျပား ႏွင့္ လက္နက္/ခဲယမ္းမ်ား ဖမ္းဆီးရမိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းေတာင္ေပၚေက်း႐ြာအုပ္စု၊ ပုံတပ္ေက်း႐ြာရွိ ဦးအားခ်ာ၏ ႏြားေမြးျမဴေရးၿခံ၌ ရဲတပ္ဖြဲ႕မွ ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ ၿခံေစာင့္လုပ္သား မအားခ်ာ ႏွင့္ မနာထီးတို႔ (၂)ဦးအား (၁၂)ဗို႔ ေျပာင္းေခ်ာ ေသနတ္ (၁)လက္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပားအေၾက (၁ဝဝ) ဂရမ္ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္းသိရသည္။
ထို႔ေနာက္စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ည (၇)နာရီအခ်ိန္တြင္ မိုင္းတြမ္းေတာင္ေပၚေက်း႐ြာအုပ္စု၊ ပါဟိုးေက်း႐ြာရွိ ႏြားၿခံပိုင္ရွင္ ဦးအားခ်ာ၏ ေနအိမ္ကို ဆက္လက္ရွာေဖြခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။
ထိုသို႔ ရွာေဖြမႈမ်ားျပဳလုပ္ရာ အဆိုပါေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၆၅)သိန္း၊ ပြိဳင့္(၂၂)ေသနတ္ (၄)လက္၊ M-16 ေသနတ္ (၁)လက္၊ (၁၂)ဗို႔ ေျပာင္းေခ်ာေသနတ္ (၁)လက္၊ က်ည္အိမ္ (၁၆)ခု၊ က်ည္မ်ိဳးစုံ (၂၇)ေတာင့္တို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအားလည္း ဆက္ လက္စစ္ေဆး ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ သံနှင့် သံမဏိ တန်ချိန်(၁)သန်းခန့်သာ ထုတ်လုပ်နိုင်ခြင်းကြောင့် လိုအပ်ချက်အတွက် နှစ်စဉ်နိုင်ငံခြားငွေ(၁)ဘီလျံကျော် သုံးစွဲနေရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း