မြန်မာနိုင်ငံ၌ သံနှင့် သံမဏိ တန်ချိန်(၁)သန်းခန့်သာ ထုတ်လုပ်နိုင်ခြင်းကြောင့် လိုအပ်ချက်အတွက် နှစ်စဉ်နိုင်ငံခြားငွေ(၁)ဘီလျံကျော် သုံးစွဲနေရ
ရဲပြည့် (NP News) - ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံ၌ သံနှင့်သံမဏိ တန်ချိန်(၁)သန်းခန့်သာ ထုတ်လုပ်နိုင်ခြင်းကြောင့် လိုအပ်ချက်အတွက် နှစ်စဉ် နိုင်ငံခြားငွေ(၁)ဘီလျံကျော် သုံးစွဲနေရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဖေဖော်ဝါရီလ ၂၁ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံချိန်တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
မြန်မာနိုင်ငံ၏ သံနှင့် သံမဏိ လိုအပ်ချက်သည် နှစ်စဉ်တန်ချိန် (၂ ဒသမ ၅)သန်းမှ သုံးသန်းခန့်ရှိသည့် အတွက် လိုအပ်သောတန်ချိန် (၂)သန်းခန့်ကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရပြီး နိုင်ငံခြားငွေ (၁)ဘီလျံကျော်ခန့် သုံးစွဲနေရကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် သံနှင့်သံမဏိထုတ်လုပ်သည့် လုပ်ငန်းများသည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင်များစွာ နောက်ကျလျက်ရှိပြီး သံ၊ သံမဏိနှင့်ပတ်သက်သည့် မူဝါဒများရေးဆွဲပြဋ္ဌာန်းမှသာ ပြည်တွင်း၌ထုတ်လုပ်သည့် သံနှင့်သံမဏိများ၊ ပြည်ပမှတင်သွင်းလာသည့် သံနှင့်သံမဏိများအား အရည်အသွေး စစ်ဆေးကြီးကြပ်နိုင်မည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောသည်။
အလားတူ မြန်မာနိုင်ငံရှိသံထွက်ရှိရာဒေသများ၊ သံသတ္တုရိုင်းအတွင်း သံပါဝင်မှုအပေါ်မူတည်၍ အသုံးပြုနိုင်သည့်နည်းစဉ်များ၊ လိုအပ်သည့်ဆက်စပ် စက်မှုကုန်ကြမ်းတွင်းထွက်များရရှိနိုင်မှုနှင့် စွမ်းအင်နှင့်လောင်စာပံ့ပိုးပေးနိုင်မှု အပေါ်မူတည်၍ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ အကောင်းဆုံးနည်းလမ်းများကို ရွေးချယ်အသုံးပြုနိုင်မည့် Plan များ ရေးဆွဲသွားရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ သံနှင့် သံမဏိထုတ်လုပ်မှုလုပ်ငန်းတွင် နိုင်ငံပိုင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၌ စက်ရုံတစ်ရုံ၊ စက်မှုဝန်ကြီးဌာန၌ စက်ရုံနှစ်ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၌ စက်ရုံသုံးရုံရှိပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက သံရည်ကျိုလုပ်ငန်းပေါင်း ၃၆၂ ခုရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်နှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး နစကစီစဉ်နေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း