မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ခေါ်ယူထားသော လစ်လပ်ရာထူးနေရာများအတွက် အလုပ်လျှောက်လွှာပိတ်ရက်ကို ထပ်မံတိုးမြှင့်ပေး
စော(NSS) - အောက်တိုဘာ ၁
မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က ခေါ်ယူထားသော လစ်လပ်ရာထူး (၁၄၃)နေရာအတွက် အလုပ်လျှောက်လွှာပိတ်ရက်ကို ထပ်မံတိုးမြှင့်သတ်မှတ်ပေးထားကြောင်း သိရသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယနေ့(အောက်တို ဘာလ ၁ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့အသိပေးကြေညာထားခြင်းဖြစ်သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် အငယ်တန်းစာရေးရာထူးအတွက် (၅၀)နေရာ၊ ငွေကိုင် (၄)ရာထူးအတွက် (၂၅)နေရာ၊ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးအတွက် (၄၄)နေရာ၊ ယာဉ်မောင်း (၅)ရာထူးအတွက် (၄)နေရာ၊ ရုံးအကူ/စာပို့ ရာထူးအတွက် (၁၀)နေရာနှင့် အစောင့်ရာထူးအတွက် (၁၀)နေရာတို့ကို ခေါ်ယူသွားမည်ဖြစ် ကြောင်း သိရသည်။
လျှောက်ထားသူများသည် လျှောက်လွှာပုံစံကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အပါအဝင် သက်ဆိုင်ရာတိုင်း/ပြည်နယ် ဘဏ်ခွဲအသီးသီးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ Website တွင် Download ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အထက်ပါရာထူးလျှောက်ထားသူများသည် လျှောက်လွှာများကို ယခင်က စက်တင်ဘာလ (၂၉)ရက်တွင် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း ကြေညာထားခဲ့သော်လည်း လက်ရှိတွင် အောက်တိုဘာလကုန်အထိ တိုးမြှင့်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၎င်းလျှောက်လွှာများကို ရုံးချုပ် အပါအဝင် သက်ဆိုင်ရာတိုင်း/ပြည်နယ်ဘဏ်ခွဲများ နှင့် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ စီမံခန့်ခွဲရေးဌာနခွဲ အမှတ်(၂၆/၄၂)သို့ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဆက်လက်၍ အငယ်တန်းစာရေး၊ ငွေကိုင် (၄)နှင့် ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးအတွက် အထွေထွေဗဟုသုတရေးဖြေစာမေးပွဲအား အောက်တိုဘာလ (၁၄) ရက်ဖြေဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ယခုတွင် နိုဝင်ဘာလ (၁၁)ရက်သို့ ပြောင်းရွှေ့ထားကြောင်း ထုတ်ပြန်ထားသည်။
၎င်းရာထူးများအတွက် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းအား အောက်တိုဘာလ (၁၅) ရက်ဖြေဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ယခုတွင် နိုဝင်ဘာလ (၁၂)ရက်သို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။
ထို့ပြင် ရာထူးနေရာ (၁၄၃)နေရာအတွက် လူတွေ့စစ်ဆေးခြင်းကို အောက်တိုဘာလ(၁၆) ရက်ဖြေဆိုရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသော်လည်း ယခုတွင် နိုဝင်ဘာလ (၁၃)ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအထည်ချုပ်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေမှုများကို ပြည်ပကုမ္ပဏီအချို့ ပြန်ရုတ်သိမ်းခဲ့သော်လည်း PANKO Corporation က လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မည်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ