ဥရောပနိုင်ငံတွေမှာ စက်တင်ဘာလအတွင်း နေ့အပူချိန် စံချိန်တင် မြင့်တက်ခဲ့
ရောင်နီ (NSS) - အောက်တိုဘာ ၁
သြစတြီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန် နဲ့ ဆွစ်ဇာလန်နိုင်ငံတွေက စက်တင်ဘာလအတွင်း ၎င်းတို့ရဲ့နေ့အပူချိန်တွေ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်နှစ်တာရဲ့ အပူဆုံးလဖြစ်မယ်လို့ ခန့်မှန်းထားကြောင်း သောကြာနေ့ (စက်တင်ဘာလ ၂၉ ရက်) မှာ ကြေညာခဲ့ပါတယ်။
ဥရောပရှိ ရာသီဥတု ဖောက်ပြန်မှု စောင့်ကြည့်ရေးအဖွဲ့က ယခုလအစောပိုင်းမှာ ဥရောပရှိ ရာသီဥတုဖောက်ပြန်မှုဟာ မြောက်ကမ္ဘာခြမ်းနွေရာသီမှာ စံချိန်တင်အပူဆုံးဖြစ်မယ်လို့ ကြေညာခဲ့ပါတယ်။ ပြင်သစ်မိုးလေဝသအာဏာပိုင် Meteo-France က နိုင်ငံအတွင်း စက်တင်ဘာလ ပျမ်းမျှအပူချိန်ဟာ 1991-2020 ကာလကထက် ၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ ၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ကြားမြင့်တက်လာပြီး ပြင်သစ်ရဲ့ပျမ်းမျှအပူချိန်ဟာ လစဉ်စံနှုန်းတွေကို နှစ်နှစ်နီးပါး ဆက်တိုက်ကျော်လွန်နေခဲ့တယ်လို့ သိရပါတယ်။ အိမ်နီး ချင်းဂျာမနီမှာလည်း ယခုလဟာ နိုင်ငံလုံးဆိုင်ရာ အပူချိန်မှတ်တမ်းတွေ စတင်ကတည်းကစ အပူဆုံး စက်တင်ဘာလဖြစ်လာခဲ့ပြီး ၁၉၆၁-၁၉၉၀ က အဆင့်ထက် ၄ ဒီဂရီစင်တီဂရိတ်နီးပါး မြင့်တက်လာတယ်လို့ မိုးလေဝသဌာန DWD က ပြောပါတယ်။
ပိုလန်နိုင်ငံရဲ့ စက်တင်ဘာလ အပူချိန်ဟာလည်း ပျမ်းမျှထက် ၃ ဒသမ ၆ ဒီဂရီစင်တီဂရိတ် မြင့်မားနေပြီး ပြီးခဲ့တဲ့ နှစ် ၁၀၀ ကျော်က မှတ်တမ်းတွေထက် ကျော်လွန်ကာ အပူဆုံးလ ဖြစ်နေတယ်လို့ ကြေညာခဲ့ပါတယ်။ သြစတြီးယားနဲ့ ဆွစ်ဇာလန်နိုင်ငံရှိ အမျိုးသား မိုးလေဝသအဖွဲ့တွေကလည်း စက်တင်ဘာလဟာ ၎င်းတို့ရဲ့ပျမ်းမျှအပူချိန် အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဆွစ်ဇာလန် ရေခဲမြစ်တွေဟာလည်း နှစ်နှစ်အတွင်း ၎င်းတို့ ထုထည်ရဲ့ ၁၀ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။ စပိန်နဲ့ပေါ်တူဂီနိုင်ငံတွေမှာတော့ ယခုသီတင်းပတ်ကုန်မှာ ပုံမှန်မဟုတ်တဲ့ အပူချိန်တွေ ကျရောက်နိုင်တယ်လို့ သတိပေးထားပြီး သောကြာနေ့က စပိန်တောင်ပိုင်းရဲ့ ဒေသစိတ်အပိုင်းတွေမှာ အပူချိန် ပြဒါးအမှတ်ရဲ့ ၃၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
European Union's Copernicus Climate Change Service က ၂၀၂၃ ခုနှစ်ဟာ လူသားမျိုးနွယ်ရဲ့အပူဆုံးနှစ်ဖြစ်ဖွယ်ရှိတယ်လို့ ယခုလအစောပိုင်းက ပြောကြားခဲ့ပါတယ်။ ပစိဖိတ်တောင်ပိုင်းနဲ့မြောက်ပိုင်းရှိ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ စတင်နေပြီဖြစ်တာကြောင့် လာမယ့်လတွေမှာ အပူချိန်ပိုမိုမြင့်မားလာဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးနှင့်တွေ့ဆုံမှုသည် ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုဟု တပ်ချုပ်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ