မန်ယူအသင်းလေ့ကျင့်ခန်းအစီအစဉ် နှင့် ပွဲစဉ်များတွင် ပြန်လည်တွေ့မြင်ရတော့မည့် အန်တိုနီ
Pika (NSS) - စက်တင်ဘာ ၃ဝ
မန်ယူအသင်းတောင်ပံကစားသမား အန်တိုနီသည် ၎င်း၏ချစ်သူဟောင်းဖြစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဆိုသည့်စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့နှင့်တွေ့ဆုံပြီးနောက် မန်ယူအသင်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း အသင်းတာဝန်ရှိသူများကပြောကြားခဲ့သည်။
ထို့ပြင် အန်တိုနီသည်လေ့ကျင့်ရေးပြန်ဆင်းမည်ဖြစ်ပြီး လာမည့်ပွဲစဉ်များတွင်လည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ အန်တိုနီသည် ၎င်း၏ချစ်သူဟောင်း Gabriela Cavallin အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ လုပ်ဆောင်ခဲ့သည်ဆိုသည့် စွပ်စွဲပြောဆိုမှုများကိုခံရပြီးနောက် မန်ယူအသင်းသည် အန်တိုနီကိုစက်တင်ဘာလ(၁၀)ရက်တွင် အသင်း၏ပွဲစဉ်များနှင့် လေ့ကျင့်ခန်းအစီအစဉ်များကို ပါဝင်လုပ်ဆောင်ခြင်းမပြုရန် ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
အန်တိုနီက ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ လုပ်ဆောင်ခဲ့သည်ဟု နောက်ထပ်ဘရာဇီးအမျိုးသမီးနှစ်ဦးကလည်း စွပ်စွဲပြောဆိုခဲ့ကြောင်းသိရသည်။ အန်တိုနီသည် အဆိုပါအမျိုးသမီးသုံးဦးလုံး၏ စွပ်စွဲပြောဆိုချက်များကို ငြင်းဆန်ထားကာ ဘရာဇီးလ်နိုင်ငံတွင် ဆက်နေခဲ့သော်လည်း စက်တင်ဘာလ(၂၆)ရက်တွင် မန်ချက်စတာမြို့သို့ပြန်လာခဲ့ကြောင်းသိရသည်။ ထို့နောက်အန်တိုနီသည် စက်တင်ဘာလ(၂၈)ရက်တွင် ရဲတပ်ဖွဲ့နှင့် ငါးနာရီကြာတွေ့ဆုံခဲ့ကြောင်း သိရသည်။ ရဲများနှင့်တွေ့ဆုံစဉ်အချိန်အတွင်း အန်တိုနီသည် စွပ်စွဲချက်များကို ငြင်းဆိုရန် အထောက်အထားများကိုလည်း ပေးခဲ့ကြောင်းသိရသည်။
မန်ယူအသင်းထုတ်ပြန်ချက်တွင် "စွပ်စွဲပြောဆိုမှုတွေဟာ ပြီးခဲ့တဲ့ဇွန်လမှာ စတင်ခဲ့တာဖြစ်ပြီး အန်တိုနီဟာ ဘရာဇီးလ်နဲ့ ဗြိတိန်မှာရှိတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ခဲ့ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေပြီး အန်တိုနီဟာ မန်ယူအသင်းမှာလေ့ကျင့်ရေးပြန်ဆင်းဖို့ အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်နိုင်ငံတွင် LGBT အရေအတွက် နှစ်သန်းနီးပါးရှိနေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း