နိုင်ငံ့ဝန်ထမ်းများအားလုံးကို လစာအပြင် လစဥ်(၃၀၀၀၀)ကျပ် ထပ်မံထောက်ပံ့သွားမည်ဟု နစကကြေညာ
ယွန်း (NSS) - စက်တင်ဘာ ၃၀
နိုင်ငံ့ဝန်ထမ်းများအားလုံးကို လစာအပြင် လစဥ်(၃၀၀၀၀)ကျပ် ထပ်မံထောက်ပံ့သွားမည်ဖြစ်ကြောင်း နစကမှထုတ်ပြန်ကြေညာထားသည်။
နစကမှ ယနေ့(စက်တင်ဘာလ ၃၀ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
နိုင်ငံတော်အတွင်းနိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်နေသည့် နိုင်ငံဝန်ထမ်းများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာချောင်လည်စေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးကို ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နစကမှ အသိပေးထားသည်။
အဆိုပါထုတ်ပြန်ချက်အရ တစ်ဦးကို တစ်လလျှင် လစာအပြင် ငွေကျပ်(၃၀၀၀၀)ကို လစဥ် ပေးသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
“အရင်ကလည်း တိုးပေးမယ်လို့ ခဏခဏကြားတယ်။ ကုန်ဈေးနှုန်းတွေသာ တက်သွားတာ လစာကတိုးမရဘူးလေ။ အခုကတကယ် ထုတ်ပြန်ချက်နဲ့ဆိုတော့ ကောင်းတာပေါ့။ (၃၀၀၀၀) ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဈေးတွေတက်နေတဲ့အချိန်မှာ တစ်ဖက်တစ်လမ်းကတော့ အထောက်အပံ့ဖြစ်တာပေါ့” ဟု ရန်ကုန်မြို့တွင်းရှိ ကျောင်းဆရာမတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုလည်း တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
=အဆိုပါနေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန် တစ်နေ့(၈)နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခငွေကျပ်(၄၈၀၀)ကို အပိုထောက်ပံ့ကြေး အဖြစ် (၁၀၀၀)ကျပ်ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိ ရရှိနေသည့်လစာအပြင် နိုင်ငံတော်က ထောက်ပံ့မည့်အပိုထောက်ပံ့ ကြေး (၃၀၀၀၀)ကျပ်ကို လာမည့် အောက်တိုဘာလ ၁ ရက်မှစ၍ စတင်ခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Comments :
1 comments
1 year ago - 4:15 am - Oct 1, 2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အထူးတန်းဝင် မြန်မာ့အာရေးဗီးကားကော်ဖီ ပြည်ပဈေးကွက်၌ အထိုက်အလျောက်မြင့်မားသောဈေးနှုန်းရရှိနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ