ခရီးသည်တင်လေကြောင်းခရီးစဥ်များ အပြန်အလှန်ပျံသန်းနိုင်မည့်သဘောတူစာချုပ်ကို မြန်မာနှင့် ဟောင်ကောင်ကြား လက်မှတ်ရေးထိုး
ယွန်း (NSS) - စက်တင်ဘာ ၂၉
ခရီးသည်တင်လေကြောင်းခရီးစဥ်များ အပြန်အလှန်ပျံသန်းနိုင်မည့် လေကြောင်းပို့ဆောင်ရေးသဘောတူစာချုပ်ကို မြန်မာ နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါသဘောတူစာချုပ်ကို စက်တင်ဘာ(၂၈)ရက်တွင် တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ရှိ ဗဟိုအစိုးရရုံး၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသ ပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးဌာနဝန်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထား သည်။
သဘောတူစာချုပ်အရ မြန်မာနိုင်ငံ နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှ လေကြောင်းလိုင်းများ ပို၍လွတ်လပ်စွာ ပျံသန်းခွင့်ဖြင့် ခရီးသည်တင်နှင့် ကုန်စည်တင်လေကြောင်း ခရီးစဥ်များကို အပြန်အလှန်ပျံသန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာ(၂၇)ရက်ကလည်း ဒုဝန်ကြီးသည် ဟောင်ကောင်မြို့ရှိ Hong Kong International Aviation Academy သို့သွားရောက်လေ့လာခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နစကမှ သိရသည်။
ဟောင်ကောင်နှင့် မြန်မာသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ပြီးခဲ့သည့် မေလက ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး အပြန်အလှန်ဈေးကွက်အခွင့်အလမ်းများ ရှာဖွေနိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မျက်မမြင်အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခံရမှု ရန်ကုန်မြို့၌ ဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း