မျက်မမြင်အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခံရမှု ရန်ကုန်မြို့၌ ဖြစ်ပွား
သန့်ဇင် (NSS) - စက်တင်ဘာ ၂၉
ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် မျက်မမြင်အမျိုးသားတစ်ဦးအား အရက်သောက်ထားသူအမျိုသားမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂၈ ရက်) ညနေ ၆ နာရီအချိန်တွင် ဒလမြို့နယ်၊ ဒလဆိပ်ကမ်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မျက်လုံးမမြင်တဲ့အမျိုးသားက ဆိုက်ကားပေါ်မှာ ထိုင်နေတာပေါ့နော်။ အဲဒါကို ဓားနဲ့ထိုးတဲ့လူက အရင်ဆုံး ပါးကို လာရိုက်တယ်တဲ့။ အဲဒီလိုရိုက်တော့ မလုပ်ပါနဲ့ပြောတာကို။ ပြန်ပြောလို့ဆိုပြီး ဓားနဲ့ထိုးတာ” ဟု လင်းလက် လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ဓားဖြင့်ထိုးသတ်ခံရသည့်မျက်မမြင်အမျိုးသားမှာ ဒလမြို့နယ်တွင် နေထိုင်သည့် အသက်(၃၈)အရွယ် ကိုအောင်ထွန်းလေးဖြစ်ပြီး အကြောပြင်ဆရာတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
“ထိုးတဲ့လူက အရက်သောက်ထားတာ။ ဆေးကြောင်နေတာလို့လဲပြောတယ်။ ဓားနဲ့ထိုးတဲ့လူကိုတော့ မိသွားပါပြီ။ ဓားထိုးခံရတဲ့ မျက်မမြင်က အကြောပြင်ဆရာပေါ့နော်။ ဆေးရုံကိုအရောက်မှာပဲ ဆုံးသွားပါတယ်။ အခင်းဖြစ်ရာက ရတဲ့ ဓားဒဏ်ရာ(၂)ချက်နဲ့ပါ။ ဗိုက်တစ်ချက်နဲ့ ရင်ဘက်တစ်ချက်ပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ဓားဖြင့် ထိုးသတ်သူအမျိုးသားအား ဒလမြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ကဏ္ဍမှ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် လျော့ကျခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း