မြင်းမူမြို့ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား အကြမ်းဖက်အဖွဲ့က Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်
Pearl (NSS) - စက်တင်ဘာ ၂၉
မြင်းမူမြို့ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား အကြမ်းဖက်အဖွဲ့က Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂၈ ရက်)၊ ည (၇)နာရီ အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင်းမူမြို့၊ မြို့လယ်ခေါင်၊ မုံရွာ - မန္တလေးလမ်း(ယခင်) ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား အကြမ်းဖက်အဖွဲ့မှ Drone များဖြင့် Drop ဗုံး (၈)လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ချတိုက်ခိုက်မှုကြောင့် ထွေအုပ်ရုံးနှင့် ရဲစခန်းကြားရှိ အထက်တန်းကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ ပြီး ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရသည်။
" ည(၇)နာရီလောက်က ဖြစ်တာ။ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ အ.ထ.က ကျောင်းကြားကို ဗုံးကကျတာ။ ထိခိုက်ပျက်စီးမှု အတိအကျတော့ မသိရသေးဘူး။ လောလောဆယ် အဲဒီနားမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်' ဟု ဒေသခံတစ်ဦး က NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးမှုရှိကြောင်း ကြားသိရသော်လည်း NP News အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိတွင် ဖြစ်စဉ်နေရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် (၄)လခန့်ကလည်း အဆိုပါထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား အကြမ်းဖက်သမားများမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောထားသည်။
အဆိုပါ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား Federal Wings နှင့် မဟာမိတ်ဒရုန်းတပ်ဖွဲ့များပူးပေါင်းပြီး စုစုပေါင်း ဒရုန်း (၉) စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Federal Wings အဖွဲ့မှ ယနေ့ (စက်တင်ဘာ ၂၉ ရက်) တွင် ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသည်တင်လေကြောင်းခရီးစဥ်များ အပြန်အလှန်ပျံသန်းနိုင်မည့်သဘောတူစာချုပ်ကို မြန်မာနှင့် ဟောင်ကောင်ကြား လက်မှတ်ရေးထိုး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း