အွန်လိုင်းကတဆင့် လိမ်လည်နေတဲ့ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ “No More Bets” ရုပ်ရှင်ဇာတ်ကားကို နိုင်ငံအတွင်း မပြသဖို့ ကမ္ဘောဒီးယားအစိုးရ တားမြစ်ပိတ်ပင်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၉
ကမ္ဘောဒီးယားနိုင်ငံက အွန်လိုင်းကတဆင့် လိမ်လည်နေတဲ့ လူကုန်ကူးခံရမှုအကြောင်းရိုက်ကူးပုံဖော်ထားတဲ့ “No More Bets” ရုပ်ရှင်ဇာတ်ကားကို နိုင်ငံအတွင်း မပြသဖို့ ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီးဌာနက တရုတ်နိုင်ငံရဲ့ လူအကြည့်များဆုံးရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်ခဲ့ပေ မယ့် နိုင်ငံ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်ဖွယ်ရှိနေကြောင်း ပြောပါတယ်။ ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီးဌာန ဟာ အဆိုပါရုပ်ရှင်ဇာတ်ကားကို မပြသဖို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း တိုက်တွန်းတောင်းဆိုခဲ့ ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Sum Map က "ကျွန်တော်တို့ဟာ အဲဒီရုပ်ရှင်ဇာတ်ကား မပြသဖို့ တရုတ်သံရုံးကို တောင်းဆိုခဲ့တယ်။ သံရုံးကတော့ လုပ်ဆောင်စရာရှိတဲ့အလုပ်တွေ လုပ်နေပါတယ်။ အဲဒီ ရုပ်ရှင်ဇာတ်ကားကို နိုင်ငံအတွင်း ပြသခဲ့မယ်ဆိုရင်လည်း အစိုးရအနေနဲ့လည်း ဒေသခံအာဏာပိုင်တွေကို မပြသဖို့ ပိတ်ပင်ထားမြစ်ခိုင်းမှာပါ" လို့ ပြောပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားထဲမှာ မြင့်မားတဲ့လစာ နဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရမယ်လို့ အွန်လိုင်းက တဆင့် မက်လုံးပေး စည်းရုံးခံရတဲ့ တရုတ်မော်ဒယ် နဲ့ ပရိုဂရမ်မာတို့အကြောင်းကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အွန်လိုင်းက လိမ်လည်မှုကျူးလွန်နေတဲ့ဂိုဏ်းတွေလက်ထဲ တရုတ်နိုင်ငံသားတွေ ပိတ်မိနေတဲ့ အကြောင်းကို ရိုက်ကူးထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း မြန်မာနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ တရုတ်နိုင်ငံအခြေစိုက် အွန်လိုင်းကတဆင့် လိမ်လည်နေတဲ့ဂိုဏ်းတွေ၊ ရာဇဝတ်မှုကျူးလွန်နေတဲ့ဂိုဏ်းတွေ အခြေစိုက်လှုပ်ရှားမှု ပိုမိုများပြားလာခဲ့ကြောင်း သိရပါတယ်။
ကုလသမဂ္ဂရဲ့အဆိုအရက ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက်လှုပ်ရှားနေတဲ့အွန်လိုင်းကလိမ်လည်နေတဲ့ ဂိုဏ်းတွေ လက်ထဲမှာ လူပေါင်း ၁ဝဝဝဝ ကျော် ပိတ်မိနေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံနယ်စပ်ဒေသဖြစ်တဲ့ Pursat မြို့၊ Kandal မြို့တို့အပြင် Sihanoukville ဆိပ်ကမ်း မြို့တွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်နေတဲ့ အွန်လိုင်းကတဆင့် လိမ်လည်နေတဲ့ဂိုဏ်းတွေ အခြေစိုက် လှုပ်ရှားနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစကအဖွဲ့၌ တပ်မတော်အရာရှိကြီးများနှင့် အခြားပုဂ္ဂိုလ်များကို ယုံကြည်စွာတာဝန်ပေးအပ်ခဲ့သော်လည်း အချို့မှာ ရာထူးနှင့်လုပ်ပိုင်ခွင့်ကိုအသုံးပြုကာ စီးပွားရှာနေ၍ ထိရောက်စွာအရေးယူမည်ဟု အသိပေး
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ