မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် မကြာမီကာလ၌ ကိုဗစ်မတိုင်မီအခြေအနေသို့ ပြန်ရောက်နိုင်ဟုဆို
ယွန်း(NSS) - စက်တင်ဘာ ၂၈
မြန်မာနိုင်ငံသို့ ယခုနှစ်(၂ဝ၂၃ ခုနှစ်)တွင် ခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာနိုင်ပြီး မကြာမီကာလ၌ ခရီးသွားလုပ်ငန်းသည် ကိုဗစ်မတိုင်မီအခြေအနေသို့ ပြန်ရောက်နိုင်သည်ဟု ယုံကြည်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ(၂၇)ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း(ဗဟိုဌာန-၂)၌ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးပြန်လည် ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ပြီး နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထားဆောင်ရွက်ရန် နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ထိုသို့ဆောင်ရွက်ရာ၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပခရီးသွားများ တိုးတက်လာစေရန် မဟာဗျူဟာလုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံကို ခရီးသည်ရောက်ရှိမှု ပိုမိုတိုးတက်များပြားလာမည်ဖြစ်ပြီး မကြာတော့သည့် ကာလတစ်ခု၌ ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ မတိုင်မီကာလအခြေအနေကို ပြန်လည်ရောက်ရှိနိုင်မည်ဟု ယုံကြည်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေလ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့ပါကြောင်း သိရသည်။
ထိုကဲ့သို့ ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် ခြောက်သိန်းကျော်ဝင်ရောက်ခဲ့ပြီး အလားတူကာလနှင့်နှိုင်းယှဉ်ပါက ယခင်နှစ်က တစ်သိန်းကျော်သာဝင်ရောက်ခဲ့သည့်အတွက် (၆)ဆခန့် တိုးတက်လာခဲ့သည်ကိုတွေ့ရကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လေဆိပ်၊ ရေဆိပ်နှင့်နယ်စပ် စသည့်နိုင်ငံတကာဝင်ပေါက်အသီးသီးမှ နိုင်ငံတကာခရီးသွား စုစုပေါင်း နှစ်သိန်းကျော်ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် (၄၃)ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တန်ပြန်ထိုးစစ်ဆင်မှုရလဒ်မကောင်းတဲ့အတွက် ယူကရိန်းတပ်ဖွဲ့ဝင် တစ်သောင်းကျော် ရုရှားတပ်ဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ဟုဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း