အာရှဖလား ရှုံးထွက်ပွဲစဉ်အဖြစ် မြန်မာယူ- ၂၄ အသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်
NSS - စက်တင်ဘာ ၂၈
အာရှအားကစားဘောလုံးပြိုင်ပွဲတွင် ရှုံးထွက်ပွဲစဉ်အဖြစ် မြန်မာယူ -၂၄ အသင်းနှင့် အာရှအင်အားကြီး ဂျပန်အသင်းတို့ ယနေ့ (စက်တင်ဘာလ ၂၈ရက်)၊ ညနေ ၆နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့(စက်တင်ဘာလ ၂၈ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရှုံးထွက် (၁၆)သင်းအဆင့်တွင် မြန်မာယူ -၂၄ အသင်းအပြင် အိမ်ရှင် တရုတ်၊ အိန္ဒိယ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ဥဇဘတ်ကစ္စတန်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ပါလက်စတိုင်း၊ ကာတာ၊ ဂျပန်၊ ဘာရိန်း၊ မြောက်ကိုရီးယား၊ ထိုင်း၊ ကာဂျစ္စတန်နှင့် အင်ဒိုနီးရှားတို့ ပါဝင်လာခဲ့သည်။
အဆိုပါ ရှုံးထွက်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ယူ -၂၄အသင်းအနေဖြင့် အာရှအင်အားကြီး ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
အလားတူ မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ယနေ့(စက်တင်ဘာလ ၂၈ ရက်) ညနေ ၆နာရီအချိန်တွင် ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်းလည်း ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်ဝယ်လက်နည်းပါးနေခြင်းကြောင့် ပြောင်းဈေးကျဆင်း
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း