ဟဲဟိုးမြို့၌ လမ်းဘေးတွင်ရပ်ထားသော (၆)ဘီးယာဉ်အား Hijet ယာဉ်မှ ဝင်တိုက်ခဲ့ရာ (၂)ဦးသေဆုံး
စော(NSS) - စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့တွင် လမ်းဘေး၌ ရပ်ထားသော (၆)ဘီးယာဉ်အား Hijet ယာဉ်မှဝင်တိုက်ခဲ့ရာ လူ (၂)ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၈ ရက်)၊ နံနက် (၆)နာရီအချိန်တွင် မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၈၉/၇)နှင့်(၉၀/၀)ကြား၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ Hijet ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော Nissan (၆)ဘီးယာဉ်အား အနောက်မှဝင်တိုက်ခဲ့ရာ Hijet ယာဉ်ပေါ်မှ ယာဉ်မောင်းသည် ကားခေါင်းခန်းတွင် ညပ်နေကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် Hijet ယာဉ်မှ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောင်ကြီးဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ ယာဉ်ပေါ်တွင် လူ (၁၃)ဦးလိုက်ပါစီးနင်းလာပြီး ယာဉ်မောင်းအမျိုးသားသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကာ အမျိုးသမီး (၁)ဦးမှာ ဆေးရုံရောက်အတွင် သေဆုံးခဲ့ကြောင်း မြတ်စေတနာနာရေးကူညီမှုအသင်းထံမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောက်တိုဘာ(၁)ရက်တွင် ဖွင့်လှစ်မည့် (၅၅)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် ထီစာအုပ်ပေါင်း(၆)သိန်းကျော်ကို ရောင်းချနိုင်ခဲ့ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း