ကြည့်မြင်တိုင်မြို့နယ်ရှိ မြစ်ကမ်းစပ်တွင် ကလေးငယ်တစ်ဦး ငါးမျှားနေစဉ် မြစ်အတွင်းသို့ ပြုတ်ကျသေဆုံးမှုဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၂၇
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ မြစ်ကမ်းစပ်တွင် ကလေးငယ်တစ်ဦး ငါးမျှားနေစဉ် မြစ်အတွင်းပြုတ်ကျ၍ ရေနစ်သေဆုံးသွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ရေနစ်သေဆုံးမှုသည် ယမန်နေ့ (စက်တင်ဘာလ ၂၆ရက်)၊ ညနေ ၄နာရီခွဲဝန်းကျင်အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်ပန်းခြံအနီးရှိမြစ်ကမ်းစပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့က ရေတက်ချိန်မှာ ငါးမျှားနေရင်းကနေ ခြေချော်ပြီး ပြုတ်ကျသွားတဲ့သဘောပေါ့နော်။ ခေါင်းကလဲ ကျောက်ခဲနဲ့ဆောင့်ပြီး မူးပြီးကျသွားတဲ့အချိန်မှာ ရေနစ်ပြီး ဆုံးသွားတာပေါ့” ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါရေနစ်သေဆုံးသူကလေးငယ်သည် အသက်(၉)နှစ်ခန့်သာရှိသေးပြီး လက်ရှိအချိန်ထိမိသားစုနှင့်အဆက်သွယ်မရရှိသေးကြောင်း သိရသည်။
“ကျွန်မတိုတွေ့တော့ ၉နာရီခွဲပေါ့နော်။ သူနစ်သွားတဲ့အချိန်မှာ ရေကတက်နေတာပါ။ ပြန်ကျသွားတဲ့အချိန်မှာ အလောင်းက နွံထဲမှာနစ်ကျန်ခဲ့တာပေါ့နော်။ မိသားစုနဲ့က အဆက်အသွယ်ရဖို့စုံစမ်းနေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ရေနစ်သေဆုံးသူအမျိုးသားအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ရေနစ်သေတာတွေက အခုနှစ်ကအရင်နှစ်တွေကထက်များတယ်။ အခုနှစ်ကတော်တော်ကိုများတဲ့အထဲမှာပါတယ်ပေါ့နော်။ အခုလအတွင်းဆိုရင် ခန့်မှန်းချေ (၂၀)ကျော်လောက်ကိုရှိမယ်” ဟု အထက်ပါလူမှုကူညီရေးအသင်းမှထပ်မံပြောသည်။
ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်ကမ်းစပ်နှင့် ဗိုလ်တစ်ထောင်ကမ်းစပ်တို့တွင် ရေနစ်သေဆုံးမှုများ ယခင်နှစ်ကထက်ပိုမိုများပြားလာလျက်ရှိပြီး အဆိုပါဖြစ်စဉ်များတွင် မြစ်အတွင်းသို့ခုန်ချကာ အဆုံးစီရင်သည့် ရေနစ်သေဆုံးမှုများလည်းပါဝင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း