ပြည်မြို့တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၂၇
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့နယ်တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ခေတ္တရာလူငယ်များသာရေးနာရေး ကူညီပံ့ပိုးမှုအသင်းထံမှ သိရသည်။
အဆိုပါကြိုးဆွဲချသေဆုံးမှုသည် ယမန်နေ့ (စက်တင်ဘာလ ၂၆ရက်)၊ ည ၁၀နာရီအချိန်တွင် ပြည်မြို့ နယ်၊ မှော်ဇာ-ကုန်းရိုးကျေးရွာရှိ နေအိမ်တစ်လုံး၏ အနောက်အဆောင်အတွင်း၌ဖြစ်ပွားခဲ့ကြောင်း သိသည်။
“ရဲတွေက စစ်ဆေးနေတုန်းဆိုတော့ ဘယ်လိုဖြစ်လို့ ကြိုးဆွဲချလဲတော့ မသိရသေးပါဘူး။ ကျွန်တော်တို့ရောက်သွားတော့ နေအိမ်ရဲ့ အနောက်ဖေးမှာရှိတဲ့ အဆောင်တစ်ခုထဲမှာ ဆုံးနေတာပါ” ဟု ခေတ္တရာ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ကြိုးဆွဲချသေဆုံးသူအမျိုးသားသည် အသက်(၃၅)နှစ်အရွယ်ခန့်ရှိပြီး နေအိမ်နောက်ရှိ လူနေဆောာင်အတွင်း၌ ကြိုးဆွဲချသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ခေတ္တရာလူငယ်များ ကူညီပံ့ပိုးမှုအသင်းမှပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှစုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစားအသောက်၊ ဆေးပစ္စည်းကိရိယာ၊ အလှကုန်ပစ္စည်းတို့နဲ့က်ဆိုင်တဲ့ ဥပဒေများအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း