ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပိုလီယိုရောဂါသည်တစ်ဦး မီးလောင်သေဆုံးမှု မကွေးမြို့နယ်၌ဖြစ်ပွား
Pearl (NSS) - စက်တင်ဘာ ၂၇
မကွေးတိုင်း၊ မကွေးမြို့နယ်၌ လျှပ်စစ်ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး (၁၉)နှစ်အရွယ် ပိုလီယိုရောဂါသည်တစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၇ရက်) ၊ နေ့လည် ၁နာရီခွဲအချိန်ခန့်တွင် မကွေးမြို့နယ်၊ နွားကူးရွာ တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနွားကူးရွာ၊ တောင်တွင်းလမ်းရှိ လူနေအိမ်တစ်လုံး၌ လျှပ်စစ် ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
" လျှပ်စစ်ထမင်းပေါင်းအိုးက အပူလွန်ကဲပြီး မီးလောင်တာ ပြီးတော့ အနားကရှိတဲ့ ဝါးထံရံကို မီးကူးစက်ပြီး လောင်ကျွမ်းတာပါ။ အိမ်မှာက မွေးရာပါ ပိုလီယိုရောဂါသည် ကိုအောင်သီဟ(၁၉)နှစ် တစ်ဦးပဲရှိတာ။ သူ့မိဘတွေက လောလောဆယ် အိမ်မှာမရှိဘူး။ အဲဒီကလေးကတော့ မီးခိုးမွှန်ရာကနေ မီးလောင်ကျွမ်းပြီး ဆုံးသွားတယ်" ဟု မကွေးမြိုနယ်မီးသတ်စခန်း၏တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် မွေးရာပါပိုလီယို ရောဂါသည် ကိုအောင်သီဟ (၁၉)နှစ်သည် မီးလောင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ရုပ်အလောင်းအား မကွေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး အိမ်ပိုင်ရှင်ဖြစ်သူအား သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြည့်မြင်တိုင်မြို့နယ်ရှိ မြစ်ကမ်းစပ်တွင် ကလေးငယ်တစ်ဦး ငါးမျှားနေစဉ် မြစ်အတွင်းသို့ ပြုတ်ကျသေဆုံးမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း