ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်(၁၈)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ပုသိမ်ကြီးမြို့နယ်၌ ဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၂၇
ပုသိမ်ကြီးမြို့နယ်၌ ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်(၁၈)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၈ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို-မြစ်ငယ်ကားလမ်း၊ ထုံးဘိုတိုးဂိတ်အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အဆိုပါထုံးဘိုတိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးဘက်သို့ စိုင်းထင်လင်းမောင်းနှင်ပြီး ထိန်ဝင်း လိုက်ပါလာသည့် (၂၂)ဘီးတွဲယာဉ်ကို သတင်းအရ ရှာဖွေစစ် ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်မှ ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေ ကျပ် (၁၈ ဒသမ ၈)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၂ ဒသမ ၅၅)သန်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်ခိုင်းသူ ဂေါ်လီ(ခ)ကျော်ကြီး(ခ)ကျော်စိန်မြင့် အပါအဝင် စိုင်းထင်လင်း နှင့် ထိန်ဝင်း တို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့တွင် စိတ်ဝေဒနာရှင်အမျိုးသားမှ အစ်မဖြစ်သူအား ဓားဖြင့်ထိုးမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း