ပြည်မြို့တွင် စိတ်ဝေဒနာရှင်အမျိုးသားမှ အစ်မဖြစ်သူအား ဓားဖြင့်ထိုးမှုဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၂၇
ပဲခူးတိုင်း၊ ပြည်မြို့တွင် စိတ်ဝေဒနာရှင်အမျိုးသားက အစ်မဖြစ်သူအား ဓားဖြင့်ထိုးရာမှ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်)၊ ညနေ ၅နာရီခွဲအချိန်တွင် ပြည်မြို့၊ ပြည်ရတနာလမ်းထောင့်၊ ရထားလမ်းဘေးတွင် ဖြစ်ပွားခဲ့ကြောင်း ပရဟိတပါရမီလူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူတို့က မောင်နှမချင်းဖြစ်တာပါ။ ထိုးတဲ့လူက စိတ်မနှံဘူးလို့ပြောကြတယ်ဗျ။ အဲဒိလိုဖြစ်တော့ကလေးကဝင်ဆွဲရင်းကနေ ဒဏ်ရာရတဲ့သဘောပါ”ဟု ပရဟိတပါရမီလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ဓားထိုးခံရသည့်အမျိုးသမီးသည် အသက်(၄၀)ဝန်းကျင်အရွယ်ခန့်ရှိပြီး ၎င်း၏သားဖြစ်သူ (၁၃)နှစ်အရွယ် ကလေးတစ်ဦးတွင်လည်း ဖြစ်စဉ်အတွင်းဝင်ဆွဲရာမှ ပြတ်ရှပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာကတော့ အထိုးခံရတဲ့အမျိုးသမီးရဲ့ ဗိုက်မှာ ဓားဒဏ်ရာတစ်ချက်နဲ့ ကလေးမှာကတော့ ဓားရှတဲ့တစ်ချက်ပေါ့နော်။ အဲဒါနဲ့ ပြည်ဆေးရုံကြီးကို ပို့ပေးလိုက်ပါတယ်။ အရမ်းကြီးတော့ မစိုးရိမ်ရပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ဒဏ်ရာရရှိသူ (၂)ဦးအား ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်နှင့် ပတ်သက် ၍ သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NCA ကို ကိုယ်တိုင်ရေးထိုးခဲ့သည့် ခေါင်းဆောင်များနှင့် နိုင်ငံတကာသက်သေများကို ဖိတ်ကြားကာ NCA (၈)နှစ်ပြည့်အခမ်းအနားကို ကျင်းပနိုင်ရေး ညှိနှိုင်းနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း