တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ တပ်စခန်းတစ်ခု ပေါင်(၅၀၀)ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုရှိခဲ့
မြူနစ် (NSS) - စက်တင်ဘာ ၂၆
တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ တပ်စခန်းတစ်ခု ပေါင်း(၅၀၀)ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်းရှိ TNLA ၏ တပ်မဟာ(၁)တပ်စခန်းဖြစ်သော လွတ်မောက်တပ်စခန်းသည် ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်) ညပိုင်းတွင် လေကြောင်းမှ ပေါင်(၅၀၀)ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း TNLA ဘက်က သတင်းထုတ်ပြန်ထားသည်။
တပ်မတော်က လေယာဉ်နှစ်စင်းဖြင့် ပေါင်း(၅၀၀)ဗုံးကို အသုံးပြုကာ လွတ်မောက်တပ်စခန်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် လွယ်မောက်တပ်စခန်း၏ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း ထိခိုက်သေဆုံးသူ မရှိခဲ့ကြောင်းလည်း TNLA ဘက်က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ် ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ရှမ်းပြည်နယ်အတွင်းရှိ မူဆယ်မြို့နယ် နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှစ၍ စက်တင်ဘာလ ၂၂ ရက်အထိ တပ်မတော်နှင့် TNLA အဖွဲ့တို့အကြား တိုက်ပွဲစုစုပေါင်း (၅၅)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေကို အောက်တိုဘာလအတွင်း အပြီးသတ်ရပ်တန့်အောင်လုပ်ဖို့ ရုရှားသမ္မတ ပူတင် အမိန့်ပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း