ထန်းတပင်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ကျောင်းထိုင်ဆရာတော်တစ်ပါးအား ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်
Pearl (NSS) – စက်တင်ဘာ ၂၆
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ကျောင်းထိုင်ဆရာတော်တစ်ပါးအား ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်၊ ည ၉ နာရီ အချိန်ခန့်တွင် ထန်းတပင်မြို့နယ် ၊ မင်းကြိုင်းရွာတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ မင်းကြိုင်းရွာ ကျေးရွာဘုန်းကြီးကျောင်းသို KNU/PDF ပူးပေါင်းအဖွဲ့မှရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဦးဝေပုလ္လအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီး အနှောက်မြောင်ကျေးရွာအရောက်တွင် ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ဦးဝေပုလ္လတွင် ရင်ဘတ်ပွင့်ထွက်ဒဏ်ရာ(၂)ချက် ၊ ဦးခေါင်းပွင့်ထွက် ဒဏ်ရာ (၁)ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ၌ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာရဟန်းသံဃာတော် (၈၅)ပါးထက်မနည်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခံခဲ့ရကာ ပျံလွန်တော်မူခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားနိုင်ငံမှ မြန်မာလုပ်သား သုံးသောင်းနီးပါးကို ရှေ့လတွင် ခေါ်ယူမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း