အမေရိကန် FBI အဖွဲ့၏ ကွန်ပျူတာကွန်ရက်ကို ဆိုက်ဘာတိုက်ခိုက်ခံရ
Pika (NP News) - ဖေဖော်ဝါရီ ၁၈
အမေရိကန်နိုင်ငံ FBI အဖွဲ့သည် ၎င်း၏ ကွန်ပျူတာကွန်ရက် ဟက်ခ်ခံရမှု၊ ဆိုက်ဘာတိုက်ခိုက်ခံရမှုတို့နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဖေဖော်ဝါရီ(၁၇)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
FBI အဖွဲ့က "ကျွန်တော်တို့ရဲ့ ကွန်ပျူတာကွန်ရက် ဟက်ခ်ခံခဲ့ရတာကို သတိထားမိပါတယ်။ နောက်ထပ်သတင်းအချက်အလက်တွေ ရရှိဖို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ပြောဆိုခဲ့သည်။
ဟက်ခ်ခံရမှုများထဲတွင် ကလေးလိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုကို စုံစမ်းစစ်ဆေးရန်အတွက် အသုံးပြုခဲ့သော နယူးယောက်မြို့ရှိ ရုံး၏ ကွန်ပျူတာများလည်း ပါဝင်နိုင်ကြောင်း FBI အဖွဲ့တာဝန်ရှိသူများ က ပြောကြားခဲ့သည်။ ကွန်ပျူတာကွန်ရက်များ ဟက်ခ်ခံရမှုသည် မည်သည့်အချိန်တွင် ဖြစ်ပွားခဲ့သည်ဆိုသည့်အချက်ကို လက်ရှိအချိန် အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း ဟက်ကာအဖွဲ့များ၏ ဇစ်မြစ်ကို လိုက်လံစုံစမ်းစစ်ဆေးနေဆဲဖြစ် ကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်၊၊
FBI အဖွဲ့၏ ကွန်ပျူတာကွန်ရက် ဟက်ခ်ခံရမှုသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အမေရိကန်အစိုးရ၏ ကွန်ရက် များ ဟက်ခ်ခံရမှုတွင် နောက်ဆုံးဖြစ်ကြောင်းလည်း သိရသည်။ ၂ဝ၂ဝ ခုနှစ်တွင် အမေရိကန်အစိုးရ တာဝန်ရှိသူများ သည် ရုရှားထောက်လှမ်းရေးနှင့် ချိတ်ဆက်ထားသော ဟက်ကာကွန်ရက်များ၏ ဆိုက်ဘာသူလျှိုစစ်ဆင်ရေးကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။ ၂ဝ၁၅ ခုနှစ်တွင် ဝန်ထမ်းစီမံခန့်ခွဲမှုရုံး(OPM) က ၎င်း၏ ကွန်ရက်သည် လည်း ဟက်ခ်ခံရပြီး ဝန်ထမ်းမှတ်တမ်းများ ခိုးယူခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဝန်ထမ်းစီမံခန့်ခွဲမှုရုံး(OPM)၏ ကွန်ရက်ဟက်ခ်ခံရမှုသည် တရုတ်ဟက်ကာများ၏ လက်ချက်ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
Zawgyi Version;
အေမရိကန္ FBI အဖြဲ႕၏ ကြန္ပ်ဴတာကြန္ရက္ကို ဆိုက္ဘာတိုက္ခိုက္ခံရ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၈
အေမရိကန္ႏိုင္ငံ FBI အဖြဲ႕သည္ ၎၏ ကြန္ပ်ဴတာကြန္ရက္ ဟက္ခ္ခံရမႈ၊ ဆိုက္ဘာတိုက္ခိုက္ခံရမႈတို႔ႏွင့္ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ေဖေဖာ္ဝါရီ(၁၇)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။
FBI အဖြဲ႕က "ကြၽန္ေတာ္တို႔ရဲ႕ ကြန္ပ်ဴတာကြန္ရက္ ဟက္ခ္ခံခဲ့ရတာကို သတိထားမိပါတယ္။ ေနာက္ထပ္သတင္းအခ်က္အလက္ေတြ ရရွိဖို႔ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္" ဟု ေျပာဆိုခဲ့သည္။
ဟက္ခ္ခံရမႈမ်ားထဲတြင္ ကေလးလိင္ပိုင္းဆိုင္ရာ ေခါင္းပုံျဖတ္မႈကို စုံစမ္းစစ္ေဆးရန္အတြက္ အသုံးျပဳခဲ့ေသာ နယူးေယာက္ၿမိဳ႕ရွိ ႐ုံး၏ ကြန္ပ်ဴတာမ်ားလည္း ပါဝင္ႏိုင္ေၾကာင္း FBI အဖြဲ႕တာဝန္ရွိသူမ်ား က ေျပာၾကားခဲ့သည္။ ကြန္ပ်ဴတာကြန္ရက္မ်ား ဟက္ခ္ခံရမႈသည္ မည္သည့္အခ်ိန္တြင္ ျဖစ္ပြားခဲ့သည္ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္ အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္း ဟက္ကာအဖြဲ႕မ်ား၏ ဇစ္ျမစ္ကို လိုက္လံစုံစမ္းစစ္ေဆးေနဆဲျဖစ္ ေၾကာင္း သတင္းအရင္းအျမစ္တစ္ခုက ေျပာၾကားခဲ့သည္၊၊
FBI အဖြဲ႕၏ ကြန္ပ်ဴတာကြန္ရက္ ဟက္ခ္ခံရမႈသည္ ၿပီးခဲ့သည့္ဆယ္စုႏွစ္အတြင္း အေမရိကန္အစိုးရ၏ ကြန္ရက္ မ်ား ဟက္ခ္ခံရမႈတြင္ ေနာက္ဆုံးျဖစ္ေၾကာင္းလည္း သိရသည္။ ၂ဝ၂ဝ ခုႏွစ္တြင္ အေမရိကန္အစိုးရ တာဝန္ရွိသူမ်ား သည္ ႐ုရွားေထာက္လွမ္းေရးႏွင့္ ခ်ိတ္ဆက္ထားေသာ ဟက္ကာကြန္ရက္မ်ား၏ ဆိုက္ဘာသူလွ်ိဳစစ္ဆင္ေရးကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္းလည္း သိရသည္။ ၂ဝ၁၅ ခုႏွစ္တြင္ ဝန္ထမ္းစီမံခန႔္ခြဲမႈ႐ုံး(OPM) က ၎၏ ကြန္ရက္သည္ လည္း ဟက္ခ္ခံရၿပီး ဝန္ထမ္းမွတ္တမ္းမ်ား ခိုးယူခံခဲ့ရေၾကာင္း ေျပာၾကားခဲ့သည္။
ဝန္ထမ္းစီမံခန႔္ခြဲမႈ႐ုံး(OPM)၏ ကြန္ရက္ဟက္ခ္ခံရမႈသည္ တ႐ုတ္ဟက္ကာမ်ား၏ လက္ခ်က္ျဖစ္ေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚလာခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Google က စင်ကာပူရှိ ဝန်ထမ်းအရေအတွက်အား လျှော့ချဖို့ လူအယောက် ၁၉ဝ ခန့်ကို အလုပ်ထုတ်ခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ