ဘူလ်ဂေးရီးယားနိုင်ငံတွင် စွန့်ပစ်ထားသော ကုန်ကားတစ်စီးပေါ်မှ သေဆုံးနေသည့် ရွှေ့ပြောင်းနေထိုင်သူ (၁၈) ဦး ကို တွေ့ရှိ
Pika (NP News) - ဖေဖော်ဝါရီ ၁၈
ဘူလ်ဂေးရီးယားနိုင်ငံရှိ ရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ(၁၇)ရက်က အသက်ရှုကြပ်ကာ သေဆုံးသွားပုံပေါ်သော ရွှေ့ပြောင်းသွားလာနေထိုင်သူ(၁၈)ဦး၏ ရုပ်အလောင်းများပါရှိသည့် စွန့်ပစ်ထားသော ကုန်ကားတစ်စီးကို တွေ့ရှိခဲ့ ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကုန်ကားသည် ရွှေ့ပြောင်းသွားလာနေထိုင်သူ(၄ဝ)ဦးကို သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများ ကို ဆေးကုသမှုများ လုပ်ဆောင်ရန်အတွက် အနီးရှိဆေးရုံတစ်ခုသို့ ပို့ဆောင်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က အစောပိုင်းတွင် ပြောကြားခဲ့သည်။ အသက်ရှင်ကျန်ရစ်သူအများစုမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေ အနေတွင်ရှိကြောင်း ဘူလ်ဂေးရီးယားကျန်းမာရေးဝန်ကြီး Assen Medzhidiev က ပြောကြားခဲ့သည်။
Assen Medzhidiev က "သူတို့ဟာ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့ပုံပေါ်ပါတယ်။ သူတို့ရဲ့ အဝတ်တွေက စိုနေသလို ခန္ဓာကိုယ်တွေကလည်း အေးခဲနေပါတယ်။ သူတို့ရက်အတော်ကြာ အစာမစားခဲ့ရဖူးဆိုတာ သိသာပါ တယ်" ဟု ပြောဆိုခဲ့သည်။
ကုန်ကားကို ဆိုဖီယာမြို့အနီးရှိ အဝေးပြေးလမ်းမတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။ ကုန်ကားယာဉ်မောင်းကို မတွေ့ရှိခဲ့ရသော်လည်း သစ်သားများတင်ထားသည့် နောက်ခန်းထဲ တွင် ရွှေ့ပြောင်းနေထိုင်သူများကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဘူလ်ဂေးရီးယား အာဏာပိုင် များက ရွှေ့ပြောင်းနေထိုင်သူများသည် မည်သည့်နိုင်ငံသားဖြစ်သည်ဆိုသည့် အချက်အလက်များကို ထုတ်ပြန် ပြောကြားခြင်းမျိုး မရှိကြောင်းလည်းသိရသည်။
သို့သော်လည်း ရွှေ့ပြောင်းနေထိုင်သူအားလုံးမှာ အာဖဂန်နစ္စတန်နိုင်ငံသားများ ဖြစ်နိုင်ကြောင်း ဘူလ်ဂေးရီးယား မီဒီယာများ က ဖော်ပြခဲ့သည်။ ဥရောပသမဂ္ဂအဖွဲ့ထဲတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သော ဘူလ်ဂေးရီးယားနိုင်ငံတွင် လူဦးရေ(၇)သန်းခန့် နေထိုင်ကြောင်းသိရသည်။ တူရကီနိုင်ငံမှ ဥရောပဘက်ခြမ်းသို့ ဝင်ရောက်ရန် ဘူလ်ဂေးရီးယားနိုင်ငံက အဓိကလမ်းကြောင်းတစ်ခုဖြစ်နေကြောင်းလည်း သိရသည်၊၊
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားနိုင်ငံရှိ အရပ်သား အနည်းဆုံး(၅၃)ဦးကို IS အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း