အမေရိကန်ထံမှ အကူအညီမရရှိဘူးဆိုလျှင် စစ်ပွဲရှုံးလိမ့်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ သတိပေး
Pika (NSS) - စက်တင်ဘာ ၂၅
ယူကရိန်းသမ္မတဇီလန်စကီးက ၎င်းတို့နိုင်ငံအနေဖြင့် ရုရှားတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်ရန်အတွက် အမေရိကန်နိုင်ငံထံမှ အကူအညီများ ဆက်လက်ရယူသွားရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု အမေရိကန် အထက်လွှတ်တော်ခေါင်းဆောင် Chuck Schumer က ထုတ်ဖော်ပြောခဲ့သည်။
Chuck Schumer က "အမေရိကန်ထံကနေ စစ်ရေးအကူအညီတွေ ဆက်လက်မရရှိတော့ဘူးဆိုရင် စစ်ပွဲကို ရှုံးသွားလိမ့်မယ်လို့ ယူကရိန်းသမ္မတဇီလန်စကီး က ပြောခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရသည် ယူကရိန်းကို စစ်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးရန်အတွက် အမေရိကန်ဒေါ်လာ နောက်ထပ်(၂၄)ဘီလျံကို ခွင့်ပြုပေးရန် လွှတ်တော်ကို တောင်းဆိုခဲ့ပြီး အဆိုပါအဆိုပြုချက်ကို ရီပတ်ဘလစ်ကန်အမတ်များက ကန့်ကွက်ခဲ့ကြောင်းလည်း သိရသည်။
ရီပတ်ဘလစ်ကန်ပါတီမှ အထက်လွှတ်တော်အမတ်များနှင့် ကိုယ်စားလှယ် (၂)ဒါဇင်ခန့်သည် ရန်ပုံငွေ ခွဲဝေမှုများ နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ပူပန်မှုများ နှင့် ယူကရိန်းတန်ပြန်ထိုးစစ်ဆင်မှု တိုးတက်မှုများအကြောင်း ပါဝင် သည့် စာတစ်စောင်ကို အမေရိကန်အစိုးရထံ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါစာထဲတွင် "အမေရိကန်နိုင်ငံသားတွေဟာ သူတို့ရဲ့ပိုက်ဆံတွေ ဘယ်ကိုရောက်သွားတယ်ဆိုတာကို သိဖို့ ထိုက်တန်ပါတယ်။ ယူကရိန်းတန်ပြန်ထိုးစစ်က ဘယ်လိုတွေဖြစ်နေပြီလဲ" ဟု ရေးသားထားသည်။
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ငွေကြေးထောက်ပံ့မှုများကို နှစ်ဖက်ပါတီများက ထောက်ခံမှုများ ဆက်လက် ရှိနေ သော်လည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌကီဗင်မက်ကာသီသည် ၎င်း၏ ပါတီအတွင်း ခုခံပြောဆိုမှုများနှင့် ရင်ဆိုင်နေရကြောင်း အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ကီဗင်မက်ကာသီသည် ဝါရှင်တန်ဒီစီမြို့သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း တရားဝင်အောက်လွှတ်တော် အစည်းအဝေး ကျင်းပရမည့်အစား ယူကရိန်းသမ္မတဇီလန်စကီး နှင့် သီးသန့်တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ရန် ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်းသည် ၎င်း၏ တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ရုရှားဖက်မှပြင်းထန်သော ခုခံမှုများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းသည် တပ်ဖွဲ့ဝင်များ၊ စစ်လက်နက်ပစ္စည်းအများအပြားကို ဆုံးရှုံးခဲ့ရသော်လည်း နယ်မြေသိမ်းပိုက်ခြင်းမျိုးလည်း မလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတွင် တစ်ရက် အနည်းဆုံး လုပ်ခလစာ ဘတ်(၄ဝဝ)အထိ တိုးမြှင့်ပေးမည့်အစီအစဉ်ကို စိုးရိမ်မှုများ မြင့်တက်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ