အရှေ့တောင်အာရှတစ်ဝှမ်းတွင် တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများ ပိုမိုပျံ့နှံ့လာနေကြောင်း ကျွမ်းကျင်သူများ ပြော
Pika (NSS) - စက်တင်ဘာ ၂၅
တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းအဖွဲ့များသည် အာရှ-ပစိဖိတ်ဒေသတစ်ဝှမ်းတွင် ပိုမိုပျံ့နှံ့လာနေပြီး ဖိလစ်ပိုင်၊ ဩစတြေးလျ နှင့် စင်ကာပူတို့ကဲ့သို့ နိုင်ငံများတွင် အခြေစိုက်စခန်းများ ထူထောင်နေလျက်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဩစတြေးလျရဲတပ်ဖွဲ့သည် ဆစ်ဒနီမြို့တွင် ဝင်ရောက်စီးနင်းမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး တရုတ်အမျိုးသားကိုးဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဩစတြေးလျနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းသည် တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် shadow banking system တစ်ခုကို လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆစ်ဒနီမြို့တွင် ဖမ်းဆီးခံရသော တရုတ်နိုင်ငံသား(၉)ဦးအနက် တစ်ဦးမှာ Steven Xin အမည်ရှိ အမျိုးသားဖြစ်ပြီး တရားမဝင်လောင်းကစားဂိမ်းများနှင့် အခြားရာဇဝတ်မှုများအတွက် ပြီးခဲ့သည့်ဇန်နဝါရီလတွင် တရုတ်နိုင်ငံမှာ ထောင်ဒဏ်(၁၈)နှစ်ချမှတ်ခံရသော မကာအို၏ လောင်းကစားဘုရင်ကြီး Alvin Chau ၏ သြစတြေးလျအခြေစိုက် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ရာဇဝတ်မှုကွန်ရက်များသည် အရင်းအနှီးဘီလျံနှင့်ချီ၍ ရှိသည်ဟု ယုံကြည်ကြောင်း United States Institute of Peace (USIP)မှ မြန်မာနိုင်ငံအစီအစဉ်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဂျေဆွန်တာဝါက ပြောကြားခဲ့သည်။
USIP သည် ၁၉၈၄ ခုနှစ်တွင် အမေရိကန်လွှတ်တော်မှ တည်ထောင်ခဲ့သည့် အမေရိကန်ဖက်ဒရယ်အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။ ဂျေဆွန်တာဝါ က "မြန်မာ့တပ်မတော်လက်အောက်မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ တွေ၊ အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ မြန်မာနိုင်ငံက ရာဇဝတ်ဂိုဏ်းတွေရှိတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ" ဟု ပြောခဲ့သည်။
အဆိုပါရာဇဝတ်ဂိုဏ်းများသည် လာအို နှင့် ကမ္ဘောဒီးယားတို့ကဲ့သို့သော နိုင်ငံများတွင်လည်းရှိနေပြီး ကမ္ဘာတစ်ဝန်း ရှိ ဘဏ္ဍာရေးဌာနများကို ပစ်မှတ်ထားလုပ်ဆောင်နေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ၎င်း က "အရှေ့ တောင်အာရှမှာရှိနေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေဟာ ကမ္ဘာတစ်ဝန်းကို ပျံ့နှံလာနေတယ်ဆိုတာ တွေ့မြင်နေရပါ တယ်။ အဲဒီဂိုဏ်းတွေဟာ ဒေသအတွင်းမှာရှိတဲ့ နိုင်ငံပေါင်း(၅ဝ)ကျော်မှာဖြစ်ပွားနေတဲ့ လူကုန်ကူးမှုတွေမှာ ပါဝင် ပတ်သက်နေပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ထံမှ အကူအညီမရရှိဘူးဆိုလျှင် စစ်ပွဲရှုံးလိမ့်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း