ရေးမြို့၌ ဈေးဝယ်ထွက်လာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာရရှိ
စော(NP News) - ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ် ၊ ရေးမြို့နယ်၌ အမျိုးသားတစ်ဦး ဈေးဝယ်ထွက်လာရာတွင် မိုင်းနင်းမိ၍ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၇ရက်၊ နံနက် ၁ဝ နာရီဝန်းကျင်အချိန်တွင် ရေးမြို့နယ်၊ ဘေးကလွဲရွာရှိ ၊ကြိုးတံတားချောင်းအနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရွှေဟင်္သာ ပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။
“သူ့ခြံကနေဈေးသွားဝယ်ရင်းထိတာပြောတယ်။ ဘယ်ဘက်ခြေထောက်တစ်ခြမ်း ဖြတ်ရမဲ့ပုံစံရှိတယ်။ အခုမော်လမြိုင်ဆေးရုံကြီးမှာ တင်ထားပါတယ်”ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားကို လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပိုဆောင်ထားရပြီး အထက်ပါဖြစ်စဉ်တွင် အခြားထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း လူမှုကူညီရေးအသင်းမှ ပြောသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ မြေမြှုပ်မိုင်းကြောင့် လူထိခိုက်သေဆုံးမှုဖြစ်စဉ်များမှာ မကြာခဏဖြစ်ပွားလျက်ရှိသည်ကိုတွေရသည်။
zawgyi version
ေရးၿမိဳ႕၌ ေဈးဝယ္ထြက္လာသည့္ အမ်ိဳးသားတစ္ဦး မိုင္းနင္းမိကာ ဒဏ္ရာျပင္းထန္စြာရရွိ
ေစာ(NP News) - ေဖေဖာ္ဝါရီ ၁၈
မြန္ျပည္နယ္ ၊ ေရးၿမိဳ႕နယ္၌ အမ်ိဳးသားတစ္ဦး ေဈးဝယ္ထြက္လာရာတြင္ မိုင္းနင္းမိ၍ ျပင္းထန္စြာ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ ၁၇ရက္၊ နံနက္ ၁ဝ နာရီဝန္းက်င္အခ်ိန္တြင္ ေရးၿမိဳ႕နယ္၊ ေဘးကလြဲ႐ြာရွိ ၊ႀကိဳးတံတားေခ်ာင္းအနီးတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊဟသၤာ ပရဟိတလူမႈကူညီေရးအသင္းမွ သိရသည္။
“သူ႔ၿခံကေနေဈးသြားဝယ္ရင္းထိတာေျပာတယ္။ ဘယ္ဘက္ေျခေထာက္တစ္ျခမ္း ျဖတ္ရမဲ့ပုံစံရွိတယ္။ အခုေမာ္လၿမိဳင္ေဆး႐ုံႀကီးမွာ တင္ထားပါတယ္”ဟု လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါအမ်ိဳးသားကို လမိုင္းေဆး႐ုံမွတဆင့္ ေမာ္လၿမိဳင္ေဆး႐ုံႀကီးသို႔ ပိုေဆာင္ထားရၿပီး အထက္ပါျဖစ္စဥ္တြင္ အျခားထိခိုက္ဒဏ္ရာရရွိသူမရွိေၾကာင္း လူမႈကူညီေရးအသင္းမွ ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းမွစ၍ ေျမျမႇဳပ္မိုင္းေၾကာင့္ လူထိခိုက္ေသဆုံးမႈျဖစ္စဥ္မ်ားမွာ မၾကာခဏျဖစ္ပြားလ်က္ရွိသည္ကိုေတြရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနဲ့ စစ်ပွဲစတင်ခဲ့ပြီးနောက် ရုရှားတွေရဲ့ပိုင်ဆိုင်မှု စုစုပေါင်း ယူရို ၂၁ ဘီလျံကျော်ကို သိမ်းဆည်းထားဟု ဥရောပသမဂ္ဂပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း