မြန်မာဘက်ခြမ်းရှိ အွန်လိုင်းမှတဆင့် လိမ်လည်နေတဲ့ဂိုဏ်းတွေကို စစ်ဆေးနိုင်ဖို့ တရုတ်နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်ရောက်ဖို့ ကြိုးပမ်းမှုတွေကို BGF အဖွဲ့ ငြင်းဆန်ခဲ့ဟု ထိုင်းသတင်းဖော်ပြ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၄
တရုတ်ရဲတပ်ဖွဲ့ နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ဟာ စက်တင်ဘာ ၂၃ ရက်က မြန်မာနယ်စပ်ဒေသမှာ အခြေပြုလှုပ်ရှားနေတဲ့ လိမ်လည်မှုကျူးလွန်နေတဲ့ဂိုဏ်းတွေကို မြန်မာနိုင်ငံပိုင်နက်ထဲအထိ ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ပေမယ့် ကရင်လက်နက်ကိုင် BGF အဖွဲ့ရဲ့ငြင်းဆန်ခြင်းကို ခံခဲ့ရကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
တရုတ် နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ဟာ ထိုင်း နဲ့ မြန်မာနယ်စပ်ဒေသကို သွားရောက်ခဲ့ပြီး မဲဆောက်မြို့ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ရာဇဝတ်မှုများ ကျူးလွန်နေတဲ့ ဂိုဏ်းများရှိနေတဲ့နေရာများကို စစ်ဆေးဖို့ ကြိုးပမ်းခဲ့ပြီး မြန်မာအာဏာပိုင်များကိုလည်း စစ်ဆေးမှုတွေအတွက် ပူးပေါင်းပေးဖို့ ကြိုးပမ်းခဲ့ကြောင်း ထိုင်းအခြေစိုက် matichon သတင်းဌာနက ဖော်ပြထားပါတယ်။
ဒါပေမယ့် ကရင် BGF အဖွဲ့တွေဟာ ထိုင်းရဲတပ်ဖွဲ့ နဲ့ တရုတ်ရဲတပ်ဖွဲ့တို့ရဲ့ မြန်မာဘက်ခြမ်းရှိ ပစ်မှတ်ထားနေတဲ့ အွန်လိုင်းကတဆင့် လိမ်လည်နေတဲ့ဂိုဏ်းတွေကို စစ်ဆေးမယ့်အစီအစဉ်ကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ မဲဆောက်မြို့ရဲစခန်းက ရဲမှူးကြီး Monsak Kaew-on ဦးဆောင်တဲ့ ထိုင်းရဲတပ်ဖွဲ့ဟာ တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ရာဇဝတ်ဂိုဏ်းတွေကို ဝင်ရောက်စစ်ဆေးဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ထိုင်း နဲ့ မြန်မာနယ်စပ်ဒေသရှိ ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ မြန်မာ၊ ထိုင်း၊ လာအို နဲ့ တရုတ်နိုင်ငံကြား သဘောတူညီမှုများရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့ နဲ့ တရုတ်ရဲတပ်ဖွဲ့တို့ဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြင့်လုပ်ဆောင်လာခဲ့ကြောင်း သိရပါတယ်။
တရုတ်ရဲတပ်ဖွဲ့ဟာ နိုင်ငံအတွင်းရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းခဲ့ပြီးနောက် အဆိုပါဂိုဏ်းတွေဟာ မြန်မာနယ်စပ်ဒေသကိုအခြေပြုကာ လှုပ်ရှားလာခဲ့ရာ တရုတ်နိုင်ငံသားများ အပါအဝင် အာရှဒေသအတွင်းရှိ နိုင်ငံအချို့ရဲ့နိုင်ငံသားများ လူကုန်ကူးခံရမှုများ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။
မြန်မာအစိုးရဟာ လူကုန်ကူးဂိုဏ်းတွေကို ဖြိုခွင်းနိုင်ဖို့ တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေရာ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်သူများအဖြစ် သံသယရှိနေသူထောင်ချီကို စက်တင်ဘာလအတွင်း တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ ပထမဆုံးအကောင်အထည်ဖော်နေသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်း လာမည့်နှစ် အောက်တိုဘာတွင် ရာနှုန်းပြည့်ပြီးစီးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း