မြန်အောင်မြို့နယ်တွင် စက်ဘီး နှင့် ကားတိုက်မိရာမှ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - စက်တင်ဘာ ၂၄
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ ကားလမ်းပေါ်တွင် စက်ဘီးနှင့်ကားတို့ တိုက်မိရာမှ စက်ဘီးသမား အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုသည် ယနေ့ (စက်တင်ဘာလ ၂၄ ရက်)၊ နံနက် ၈ နာရီခွဲဝန်းကျင်အချိန်တွင် မြန်အောင်မြို့နယ်၊ မြစ်ကျိုးရွာ နှင့် နတ်ပီတိတာဆုံအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဂရုဏာလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကားက ဝိုက်ရှောင်ရင်းနဲ့ ချိတ်ပြီးလဲသွားတယ်ထင်တယ်ပေါ့နော်။ ကားကလဲတိုက်ပြီးမောင်းပြေးတော့ ကျွန်တောတို့လဲသေချာ မသိလိုက်ရပါဘူး” ဟု ဂရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းယာဉ်တိုက်မှုကြောင့် ကြိုးကြာတန်းကျေးရွာတွင်နေထိုင်သည့် အသက်(၆၀)နှစ် ဝန်း ကျင် ဦးလှကိုတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ဝဲလက်ကျိုးဒဏ်ရာများရရှိခဲ့ပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားက ဘာကားမှန်းမသိရဘူး။ အခင်းဖြစ်တဲ့နေရာမှာတော့ သေဆုံးသူ စက်ဘီးရဲ့ရှေ့ဘီးထဲမှာ အလူမီနီယမ်အချောင်း တစ်ချောင်းတွေ့တယ်။ စက်ဘီးကိုတက်နင်းသွားတဲ့ပုံစံမျိုးလဲမဟုတ်ဘူး။ ကျွန်တော်တို့ရောက်တော့ လူနာကဆုံးနေပြီ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား မြန်အောင်မြို့နယ်လူမှုကူညီရေးအသင်းမှ မြန်အောင်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး မောင်းနှင်ထွက်ပြေးသွားသောယာဉ်မောင်းအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာဘက်ခြမ်းရှိ အွန်လိုင်းမှတဆင့် လိမ်လည်နေတဲ့ဂိုဏ်းတွေကို စစ်ဆေးနိုင်ဖို့ တရုတ်နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်ရောက်ဖို့ ကြိုးပမ်းမှုတွေကို BGF အဖွဲ့ ငြင်းဆန်ခဲ့ဟု ထိုင်းသတင်းဖော်ပြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း