ပြည်ပရောက်မြန်မာနိုင်ငံသားများရရှိသည့် ဝင်ငွေပေါ် အခွန်စည်းကြပ်မည့်ဥပဒေကို နစက ပြင်ဆင်ပြဋ္ဌာန်း
NSS - စက်တင်ဘာ ၂၃
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သတ်မှတ်ချက် ထွက်ပေါ်လာပြီး ပြည်ပရောက်မြန်မာနိုင်ငံသားများ ရရှိသည့် ဝင်ငွေအပေါ်အခွန် စည်းကြပ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ပနေမြန်မာနိုင်ငံသားများကို လစာမဟုတ်သည့် ဝင်ငွေများမှ (၁၀)ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို မပြောင်းလဲဘဲ ယခင်အတိုင်းသတ်မှတ်ထားသော်လည်း လစာဖြင့် အလုပ်လုပ်သူများကို စတင် အခွန်ကောက်ခံမည်ဖြစ်သည်။
အဆိုပါ ပြင်ဆင်သည့် ဥပဒေကို နစကမှ ယနေ့ (စက်တင်ဘာလ ၂၃ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများ တွင် အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ဝင်ငွေခွန်ဥပဒေအရ သက်သာခွင့်များ နုတ် ပယ်ခြင်းမပြုဘဲ ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိ သည့် စုစုပေါင်းဝင်ငွေအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုး အစားဖြင့် (၁ဝ)ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်မည်ဖြစ် ကြောင်း ပြင်ဆင်ပြဋ္ဌာန်းထားသည်။
ထို့အတူ ပြည်ပနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းလစာငွေအပေါ်တွင်လည်း နည်းလမ်းနှစ်ရပ်အနက် နည်းရာကျသင့်အခွန်းကို ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် စည်းကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နည်းလမ်းနှစ်ရပ်တွင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး တွက်ချက်၍ စည်း ကြပ်ခြင်း နှင့် သက်သာခွင့်များနုတ်ပယ်ခြင်းမပြုဘဲ (၂) ရာခိုင်နှုန်းဖြင့် တွက်ချက်၍ စည်းကြပ်ခြင်းတို့ ပါဝင် ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမည်ဖြစ်၍ ပြည်ပနေနိုင်ငံသားများ၏ ဝင်ငွေအပေါ် နိုင်ငံခြားငွေဖြင့် ဝင်ငွေခွန်စည်း ကြပ်မှုသည် အောက်တိုဘာလမှ စတင်မည်ဖြစ်သည်။
ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ပေးဆောင်ရသည့်ဝင်ငွေခွန်ကို ယခင်ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ ကင်းလွတ်ခွင့်ပြုခဲ့ဖူးပြီး လက်ရှိအချိန်တွင် ပြန်လည်ကောက်ခံခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Foodpanda က ၎င်းရဲ့ဝန်ထမ်းအင်အားကို ထပ်မံလျော့ချ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ