သန်လျင်မြို့နယ်တွင် ဆီဘောက်ဆာကား(၂)စီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး စိုးရိမ်ဒဏ်ရာများရရှိ
သန့်ဇင်(NSS) - စက်တင်ဘာ ၂၃
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ လမ်းဆုံတစ်ခုတွင် ဆီဘောက်ဆာကား(၂)စီးတိုက်မိမှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့ (စက်တင်ဘာလ ၂၂ ရက်)၊ ည ၇နာရီ ၂၈မိနစ်အချိန်တွင် သန်လျင်မြို့နယ်၊ သန်လျင်ကျောက်တန်းလမ်းမပေါ်၊ GTC ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“တိုက်တာက ဆီဘောက်ဆာ(၂)စီးပါ။ မျက်နှာချင်းဆိုင်တိုက်တာတော့ မဟုတ်ဘူးခင်ဗျ။ တစောင်းတိုက်ထားတာတော့ တွေ့ပါတယ်”ဟု ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာကားယာဉ်မောင်းဖြစ်သည့် ကြို့ပင်ကောက်မြို့နယ်တွင် နေထိုင်သော အသက်(၃၈)နှစ်အရွယ် မောင်ဝေယံစိုးသည် ကားခေါင်းခန်းအတွင်းညပ်နေခဲ့ပြီး စိုးရိမ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကားခေါင်းထဲမှာညှပ်နေတဲ့ ယာဉ်မောင်းတစ်ဦးက ဦးခေါင်းထိတယ်။ ဘယ်ဘက်လက်တွေထိတယ်။ ရင်ဘက်တွေဘာတွေကတော့ ပွန်းပဲ့ဒဏ်ရာတွေရှိမယ်။ ခြေထောက်လဲထိတယ်။ စိုးရိမ်ရပါတယ်။ အနီရောင်အဆင့် သတ်မှတ်ထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ဖြစ်စဥ်အား မီးလောင်မှုမဖြစ်စေရန် မီးသတ်တပ်ဖွဲ့မှ ကြိုတင်ကာကွယ်မှုများပြုလုပ်ခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသားအား ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီနယ်စပ်မှ ထိုင်းသို့ မြန်မာ MOU လုပ်သား (၄၀၀)ကျော် စေလွှတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း