ပြည်မြို့၌ ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး သေဆုံး
Pearl (NP News) - ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်း၊ ပြည်မြို့တွင် လိုင်းကား နှင့် ဆိုင်ကယ်တစ်စီး တိုက်မှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ခေတ္တရာလူငယ် သာရေး/နာရေး ကူညီပံ့ပိုးမှု အသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၇) ရက်၊ ညနေပိုင်းတွင် ပြည်မြို့၊ ဘုရင့်နောင်လမ်းမကြီး၊ နတ်စင်ကွေ့အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"လိုင်းကားနဲ့ ဆိုင်ကယ် တိုက်မိတာပါ။ ဆိုင်ကယ်မောင်းတဲ့လူက နေရာမှာပဲ ဆုံးသွားပါတယ်။ ကုမ္ပဏီဝန်ထမ်း ရောင်း/မောင်းလို့ပြောတယ်။ လိုင်းကားမောင်းတဲ့ ယာဉ်မောင်းကတော့ အစက ထွက်ပြေးတယ်၊ ခုတော့ဖမ်းမိသွားပြီ၊ လိုင်းကားက Hiace ကားအမျိုးအစားပါ။ မိုးကလည်းနည်းနည်းရွာနေတော့ ဖြစ်သွားတာ။ အဲဒီနေရာက ဖြစ်နေကျပါ။ အန္တရာယ်ရှိတဲ့နေရာပါ"ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်သူ အမျိုးသားမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
zawgyi version
ျပည္ၿမိဳ႕၌ ကားႏွင့္ဆိုင္ကယ္တိုက္မႈျဖစ္ပြားရာ အမ်ိဳးသားတစ္ဦး ေသဆုံး
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၈
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕တြင္ လိုင္းကား ႏွင့္ ဆိုင္ကယ္တစ္စီး တိုက္မႈျဖစ္ပြားရာမွ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ေခတၱရာလူငယ္ သာေရး/နာေရး ကူညီပံ့ပိုးမႈ အသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ (၁၇) ရက္၊ ညေနပိုင္းတြင္ ျပည္ၿမိဳ႕၊ ဘုရင့္ေနာင္လမ္းမႀကီး၊ နတ္စင္ေကြ႕အနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
"လိုင္းကားနဲ႔ ဆိုင္ကယ္ တိုက္မိတာပါ။ ဆိုင္ကယ္ေမာင္းတဲ့လူက ေနရာမွာပဲ ဆုံးသြားပါတယ္။ ကုမၸဏီဝန္ထမ္း ေရာင္း/ေမာင္းလို႔ေျပာတယ္။ လိုင္းကားေမာင္းတဲ့ ယာဥ္ေမာင္းကေတာ့ အစက ထြက္ေျပးတယ္၊ ခုေတာ့ဖမ္းမိသြားၿပီ၊ လိုင္းကားက Hiace ကားအမ်ိဳးအစားပါ။ မိုးကလည္းနည္းနည္း႐ြာေနေတာ့ ျဖစ္သြားတာ။ အဲဒီေနရာက ျဖစ္ေနက်ပါ။ အႏၲရာယ္ရွိတဲ့ေနရာပါ"ဟု လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုပါသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ ေမာင္းႏွင္သူ အမ်ိဳးသားမွာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်လင်မြို့နယ်၌ လူ(၅)ဦးပါဝင်ပတ်သက်မှုရှိသည့် ငွေကျပ်သိန်း(၁၂ဝဝ)တန်ဖိုးရှိသော စိတ်ကြွဆေးပြားများ ဖမ်းမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း