Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လွိုင်လင်မြို့နယ်၌ လူ(၅)ဦးပါဝင်ပတ်သက်မှုရှိသည့် ငွေကျပ်သိန်း(၁၂ဝဝ)တန်ဖိုးရှိသော စိတ်ကြွဆေးပြားများ ဖမ်းမိ

စော (NP News) - ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ လူ(၅)ဦးပါဝင်ပတ်သက်မှုရှိသည့် ငွေကျပ်သိန်း(၁၂ဝဝ) တန်ဖိုးရှိသော စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှသိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့(ဖေဖော်ဝါရီလ ၁၈ရက်)တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားကားလမ်း၊ ပင်လုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေကြောင်း သိရသည်။

ထိုသို့ရှာဖွေနေစဉ် ဦးကြည်စိုးမောင်းနှင်လာသည့် CROWN အမျိုးအစား ယာဉ်ပေါ်တွင် သိုဝှက်သယ် ဆောင်လာသော ငွေကျပ်သိန်း(၁၂ဝဝ) တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား (၄)သိန်း နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည် ။

ထိုကဲ့သို့ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ပင်လုံမြို့၊ မင်္ဂလာရေကန်အနီးတွင် ညနေ ၅နာရီဝန်းကျင်အချိန်၌ ခွန်စောနိုင်(ခ)ခွန်ပန်းလှိုင်၊ ခွန်ဝမ်းတူးနှင့် ခွန်အောင်ကျော်ဇေယျ (ခ)ကိုတလိုင်းတို့အား လက်ကိုင်ဖုန်း (၃)လုံးနှင့် CROWN မော်တော်ယာဉ်တစ်စီးတို့ ထပ်မံသိမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

ထို့ပြင်ကွင်းဆက်စစ်ဆေးချက်များအရ ည ၈ နာရီအချိန်ခန့်တွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ဦးဝင်းမြင့်ဆိုသူကိုလည်း လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိမှုတွင် ပါဝင်ပတ်သက်သော ဦးကြည်စိုး(၃ဝ)နှစ်၊ ဦးခွန်စောနိုင်(၄၉)နှစ်၊ ဦးခွန်ဝမ်းတူး(၂၆)နှစ်၊ ဦးခွန်အောင်ကျော်ဇေယျ(၄၃)နှစ်နှင့် ဦးဝင်းမြင့်(၄၁)တို့အား ပင်လုံနယ်မြေရဲစခန်း၌ ဥပဒေအရအရေးယူထားပြီး ကျန်ရှိသော ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်နေကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

zawgyi version










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ-တရုတ် လျှပ်စစ်ဓာတ်အားစနစ် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက်ကို အကောင်အထည်ဖော်မည်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved