မြန်မာ- ကိုရီးယား ချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်မှု (၅၃)ရာခိုင်နှုန်းပြီးစီး
ယွန်း (NP News) - ဖေဖော်ဝါရီ ၁၈
မြန်မာ- ကိုရီးယား ချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်မှု (၅၃)ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါတံတားတည်ဆောက်ရေးစီမံကိန်းကို ၂ဝ၁၉ ခုနှစ်၊ မေလတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တည်ဆောက်မှုများ ပြီးစီးရန်လျာထားကြောင်း ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ- ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတားကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF Loan) ချေးငွေအမေရိကန်ဒေါ်လာ (၁၃၇ ဒသမ ၈၃၃) သန်းနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ (၃ဝ ဒသမ ၃၄၁) သန်း စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၁၆၈ ဒသမ ၁၇၃) သန်း အကုန်အကျခံကာ တည်ဆောက်နေခြင်းဖြစ်သည်။
ဒလမြစ်ကူးတံတားသည် မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများအနက် အကြီးဆုံးနှင့် အရှည်ဆုံးဖြစ်ပြီး တံတား အရှည် စုစုပေါင်း(၆၁၂၈)ပေရှိကြောင်း သိရသည်။
အဆိုပါ တံတားသည် ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် (၁၈၉၁) ပေ၊ ချဉ်းကပ်တံတားအကျယ် (နှစ်လမ်းသွား) (၄၇) ပေ၊ ဒလဘက်ခြမ်း ချဉ်းကပ်တံတား အရှည် (၁၉၇၂) ပေ၊ ချဉ်းကပ်တံတားအကျယ် (လေးလမ်းသွား) (၈၇) ပေရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးလျှင်(၇၅)တန် ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် တံတားတည်ဆောက်မှုမှာ (၅၃)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး တည်ဆောက်မှု ရာနှုန်းပြည့်ပြီး စီးပါက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့၏ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်၍ အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
zawgyi version
ျမန္မာ- ကိုရီးယား ခ်စ္ၾကည္ေရး ဒလျမစ္ကူးတံတား တည္ေဆာက္မႈ (၅၃)ရာခိုင္ႏႈန္းၿပီးစီး
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၈
ျမန္မာ- ကိုရီးယား ခ်စ္ၾကည္ေရး ဒလျမစ္ကူးတံတား တည္ေဆာက္မႈ (၅၃)ရာခိုင္ႏႈန္းၿပီးစီးေနၿပီ ျဖစ္ ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။
အဆိုပါတံတားတည္ေဆာက္ေရးစီမံကိန္းကို ၂ဝ၁၉ ခုႏွစ္၊ ေမလတြင္ လုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ၂ဝ၂၄ ခုႏွစ္၊ ႏွစ္ဆန္းပိုင္းတြင္ တည္ေဆာက္မႈမ်ား ၿပီးစီးရန္လ်ာထားေၾကာင္း ဝန္ႀကီးဌာနမွ သိရသည္။
ျမန္မာ- ကိုရီးယားခ်စ္ၾကည္ေရး ဒလျမစ္ကူးတံတားကို ကိုရီးယားသမၼတႏိုင္ငံ စီးပြားဖြံ႕ၿဖိဳးမႈ ပူးေပါင္းေဆာင္႐ြက္ေရး ရန္ပုံေငြ (EDCF Loan) ေခ်းေငြအေမရိကန္ေဒၚလာ (၁၃၇ ဒသမ ၈၃၃) သန္းႏွင့္ ျမန္မာအစိုးရ ထည့္ဝင္ေငြ (၃ဝ ဒသမ ၃၄၁) သန္း စုစုေပါင္း ခန႔္မွန္းကုန္က်စရိတ္ အေမရိကန္ေဒၚလာ (၁၆၈ ဒသမ ၁၇၃) သန္း အကုန္အက်ခံကာ တည္ေဆာက္ေနျခင္းျဖစ္သည္။
ဒလျမစ္ကူးတံတားသည္ ျမန္မာႏိုင္ငံရွိ သံမဏိႀကိဳးဆိုင္းတံတားမ်ားအနက္ အႀကီးဆုံးႏွင့္ အရွည္ဆုံးျဖစ္ၿပီး တံတား အရွည္ စုစုေပါင္း(၆၁၂၈)ေပရွိေၾကာင္း သိရသည္။
အဆိုပါ တံတားသည္ ရန္ကုန္ဘက္ျခမ္း ခ်ဥ္းကပ္တံတားအရွည္ (၁၈၉၁) ေပ၊ ခ်ဥ္းကပ္တံတားအက်ယ္ (ႏွစ္လမ္းသြား) (၄၇) ေပ၊ ဒလဘက္ျခမ္း ခ်ဥ္းကပ္တံတား အရွည္ (၁၉၇၂) ေပ၊ ခ်ဥ္းကပ္တံတားအက်ယ္ (ေလးလမ္းသြား) (၈၇) ေပရွိၿပီး တံတားခံႏိုင္ဝန္မွာ ယာဥ္တစ္စီးလွ်င္(၇၅)တန္ ျဖစ္ေၾကာင္းသိရသည္။
လက္ရွိတြင္ တံတားတည္ေဆာက္မႈမွာ (၅၃)ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ၿပီး တည္ေဆာက္မႈ ရာႏႈန္းျပည့္ၿပီး စီးပါက ရန္ကုန္တိုင္းႏွင့္ ဧရာဝတီတိုင္းတို႔၏ လမ္းပန္းဆက္သြယ္ေရး က႑ဖြံ႕ၿဖိဳးတိုးတက္၍ အခ်ိန္တိုအတြင္း ဆက္သြယ္သြားလာႏိုင္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုင်နက်နယ်မြေကို တစ်လက်မမှ အဆုံးရှုံးခံမှာမဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတ ထုတ်ဖော်ပြောဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း