ယဥ်ကျေးမှုဖလှယ်ရေး အပါအဝင် ကဏ္ဍသုံးခု၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး မြန်မာ-ကာတာနှစ်နိုင်ငံထပ်မံဆွေးနွေး
ယွန်း (NSS) - စက်တင်ဘာ ၂၁
ယဥ်ကျေးမှုဖလှယ်ရေး အပါအဝင် ကဏ္ဍသုံးခု၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို မြန်မာ-ကာတာနှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာသံရုံး၊ ယာယီတာဝန်ခံ ဒေါက်တာရာရှစ်အက်ဘ်ဒူလာ အမ်အေအယ်လ်-ကူဝါရီအား စက်တင်ဘာလ(၂၀)ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဥ် မြန်မာ- ကာတာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ကုန်သွယ်ရေး အပါအဝင် ရင်းနှီးမြှုပ်နှံမှုနှင့် ယဥ်ကျေးမှုဖလှယ်ရေးစသည့် ကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်လည်း ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။
နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကိုလည်း ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဖော်ဆောင်ရေးနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဥ်များကို အကောင် အထည်ဖော်ရေး နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတွင် အထူးသဖြင့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ နှင့် ကုလသမဂ္ဂမူဘောင်တို့အောက်မှ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အလားတူ မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား လေကြောင်းလိုင်းများ ပြန်လည် ပျံသန်းပြေးဆွဲနိုင်ရေးကိုလည်း ပြီးခဲ့သည့် ဇူလိုင်လက နှစ်နိုင်ငံဆွေးနွေးမှုများရှိခဲ့ပြီး စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတိုးမြှင့်သွားရေးတို့ကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ Boeing 737-400 လေယာဉ်ဖြင့် လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ်ကို ပထမဆုံးအကြိမ် ပျံသန်းပြေးဆွဲ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း