မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ Boeing 737-400 လေယာဉ်ဖြင့် လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ်ကို ပထမဆုံးအကြိမ် ပျံသန်းပြေးဆွဲ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၁
မြန်မာအမျိုးသားလေကြောင်း Myanmar National Airlines သည် ပထမဦးဆုံး လေကြောင်းကုန်စည်ပို့ဆောင်ရေးခရီးစဉ်အဖြစ် Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်ဖြင့် စက်တင်ဘာ ၁၉ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ပထမဦးဆုံးပျံသန်းသည့် ကုန်တင်လေယာဉ်ခရီးစဉ်တွင် ကုန်စည် စုစုပေါင်းတန်ချိန် ၁၅ ဒသမ ၉ တန် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။ မြန်မာအမျိုးသားလေကြောင်းသည် ခရီးသည်တင်လေယာဉ်ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲလျက်ရှိရာမှ လေကြောင်းဖြင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးကိုပါ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ်များကိုပါ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပို့ဆောင်ရေးခရီးစဉ်တွင် အသုံးပြုမည့် Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း ကုန်ပစ္စည်းတန်ချိန်စုစုပေါင်း ၁၈ တန်အထိ တင်ဆောင်ပျံသန်းနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ထိုင်းနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရေးလေယာဉ်ပျံသန်းမှုအပြင် ကုန်တင်လေယာဉ်ခရီးစဉ်များကို ဒေသတွင်းနိုင်ငံများဖြစ်ကြသည့် တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှား နှင့် အိန္ဒိယနိုင်ငံတို့ကိုလည်း ထပ်မံတိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော Dangerous Goods များလည်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကုန်စည်ပို့ဆောင်ရေးခရီးစဉ်များကို တိုးချဲ့ပျံသန်းပြေးဆွဲခြင်းသည် မြန်မာနိုင်ငံ ၏ ပို့ကုန်သွင်းကုန်များတိုးမြှင့်နိုင်မည်ဖြစ်သလို နိုင်ငံ စီးပွားရေးတိုးတက်မှုများအတွက် ကူညီပံ့ပိုးပေးမှုများစွာရှိလာနိုင်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားသောကာလအတွင်း မြန်မာလေကြောင်းလိုင်းများသည် ပြည်ပနိုင်ငံများသို့ လေကြောင်းပျံသန်းပြေးဆွဲမှုများ ရပ်ဆိုင်းခဲ့သော်လည်း လက်ရှိအချိန်တွင် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးဆောင်အိတ်အတွင်း ဆပ်ပြာခွက်များဖြင့်ထည့်၍သယ်ဆောင်လာသည့် ကျပ်သိန်း(၅၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း